နစ်မြုတ်ရေယာဉ်ပေါ်မှ ရွှေထုပ်များနှင့် ပိုက်ဆံများ ထပ်မံတွေ့ရှိ


မုံရွာ၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီါ် ချင်းတွင်းမြစ်ကြောင်းအတွင်း တိမ်းမှေက်ြနစ်မြုတ်သွားခဲ့သည့် အောင်စိုးမိုးကျော်(၂) ရေယာဉ်အား ပြည်လည်ဆယ်ယူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်တိုဘာ ၂၁ ရက်က အဆိုပါ ရေယာဉ်အတွင်းမှ ရွှေထုပ်များနှင့် ပိုက်ဆံများ ထပ်မံတွေ့ရှိခဲ့ကြောင်း ဆယ်ယူရေးအဖွဲ့က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်။


ထိုနေ့က ဆယ်ယူရရှိသော ပစ္စည်းမှာ ခရီးဆောင်အိတ်ကြီး(၁၄)လုံး၊ လက်ကိုင်ပါ ခရီးဆောင်အိတ်ကြီး(၁၈)လုံး၊ လက်ကိုင်အိတ်အသေး(၄၉)လုံး၊ လက်ကိုင်ပိုက်ဆံအိတ် အသေး(၉)လုံး၊ ကျော်ပိုးအိတ်(၁၁)လုံး၊ ဆိုင်ကယ်(၂)စီး၊ လက်ဆွဲခြင်း(၂၂)လုံး၊ အထွေထွေရောရာ ပီနံအိတ်၊ ကြွတ်ကြွတ်အိတ်၊ ချိုင့်(၅၃)ခု၊ အား နံနက်ပိုင်းအချိန်တွင်ဆယ်ယူရရှိခဲ့သည်။


ထို့နောက် အဆိုပါ ဆယ်ယူရရှိသော ပစ္စည်းများအား မှတ်တမ်းတင်စစ်ဆေးခဲ့ရာ လက်ကိုင်အိတ်အသေးတစ်ခုအတွင်းမှ ရွှေအချိန်(၃၀)ကျပ်သားစီးပါ အထုပ်(၂)ထုပ်၊ လက်ကိုင်အိတ်တစ်ခုအတွင်းမှ ငွေစက္ကူရောရာ( သုံးဆယ့်ကိုးသိန်း ရှစ်သောင်း၊ ရှစ်ထောင်)ကျပ်၊ လက်ကိုင်အိတ်တစ်ခုအတွင်းမှ ငွေကျပ်သိန်း(၈၀)၊ တစ်စီး၊ တစ်သောင်းခြောက်ထောင် တစ်အုပ်၊ တစ်ဆယ့်ငါးသိန်းရှစ်ထောင် တစ်စီး၊နှင့် နှစ်သိန်းကိုးသောင်း ငါးထောင်ကျပ် တစ်စီး၊ အသီးသီးနှင့် ငွေသားစုစုပေါင်း ကို့ဆယ့်ကိုးသိန်း၊ ခြောက်သောင်း ခြောက်ထောင်ကျပ်၊ ဦးအောင်ကျော်မိုး၊ မဇွန်လွမ်းနွယ်၊ မောင်အောင်ခန့်ဖြိုး အမည်ပါ မှတ်ပုံတင်ကဒ်(၃)ခု၊ ပုလဲဆွဲသီးပါ ရွှေတစ်ကျပ်သားခန့် ဆွဲကြိုးကုံး(၁)ကုံး၊ မောင်းကွင်း(၄)ကွင်းပါ လက်စွပ်(၁)ကွင်း၊ ရွှေအလေးချိန်(၄)ရွေးခန့် ၊ ရွှေအလေးချိန်(တစ်ကျပ်သားခန့် ဟန်းချိမ်း(၁)ခု၊ ငွေစုစာအုပ်(၂)အုပ်၊ ငွေသား ခြောက်သောင်းကျပ်၊ မခင်ဆွေမြင့်၊ မသဲနုဆွေ အမည်ပါ မှတ်ပုံတင်ကဒ်(၂)ခုတို့ထည့်ထားသည့် ပိုကဆံအိတ်(၁)ခု၊ ကျောက်စိမ်းတစ်လုံးပါ ငွေရောင်နားကပ်တစ်ဖက်၊ ငွေခြောက်ထောင်ကျပ်၊ ဟန်းဖုန်း(၂)လုံး၊ ရွှေဟုယူဆရသော ရွှေရောင်ရင်ထိုး(၂)ခု၊ မစိမ်းမို့မို့ထွန်း၊ မခိုင်စပယ်မျိုး အမည်ပါ မှတ်ပုံတင်(၂)ခုတို့ထည့်ထားသော လက်ကိုင်အိတ်အသေး(၁)လုံး၊ ပယင်းကျောက်(၂)ပိသာ(၂၅)ကျပ်သားထည့်၊ (၂)ပိသာထုပ်၊ တစ်ပိသာထုပ်၊ တစ်ပိသာခန့်စီပါ စုစုပေါင်း ပယင်းကျောက် (၆)ပိသာ(၂၅)ကျပ်သားခန့်ထည့်ထားသော ခရီးဆောင်လက်ကိုင်အိတ်ကြီး(၂)လုံး၊ တို့ဖြစ်ကြောင်း ဆယ်ယူရေးအဖွဲ့က မှတ်တမ်းတင်ထားသည်။

အဆိုပါ ပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျသိမ်းဆီးပြီး ပိုင်ရှင်မှန်များထံ ပြန်လည်အပ်ပေးခြင်းဖြင့် ဆယ်ယူရေးအဖွဲ့မှ ၀န်ဆောင်မှုများပေးလျက်ရှိသည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
နစ်မြုတ်ရေယာဉ်ပေါ်မှ ရွှေထုပ်များနှင့် ပိုက်ဆံများ ထပ်မံတွေ့ရှိ နစ်မြုတ်ရေယာဉ်ပေါ်မှ ရွှေထုပ်များနှင့် ပိုက်ဆံများ ထပ်မံတွေ့ရှိ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.