အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ ကူညီသူနှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ




နေပြည်တော်၊ အောက်တိုဘာ - ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇီးပင်ချောင်း(တောင်)ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီခန့် က သတင်းအရ နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင်ပါဝင်ခဲ့သည့် ဆွေယောဒူရီ(ဘ) အုံမော်အာသစ်၊ ဂူရာများ(ဘ) ကော်ရုံဂူလာ၊ MV ကော်မော်ရီဒိန်(ဘ)မာမတ်နှင့် မာမက်ဒူလာ(ဘ)အဒူဝါဆေး တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။

အလားတူ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲခန့် တွင် ဝါးပိတ်ကျေးရွာအတွင်းဝင်ရောက်ရှင်းလင်းရာ အိမ်တစ်အိမ်အတွင်းမှ အမ်အေ-၁၁ (၁)လက်၊ ၎င်းကျည်အိမ် (၁) ခုနှင့် ၎င်းကျည် (၂၅)တောင့်တို့ကို ရှာဖွေ တွေ့ရှိခဲ့သည်။




ထို့ပြင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများကို ငွေကြေးထောက်ပံ့ ကူညီအားပေးသည့် မောင်တောမြို့၊ မြို့မတောင် (၂) ရပ်ကွက်နေ မောင်မောင်စိန်(ဘ) အော်ဇီအူလာအား ယနေ့ နံနက် ၁၁ နာရီခန့်တွင် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများအား ဆက်လက် ဖမ်းဆီးရမိရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းခြင်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ ကူညီသူနှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများ၊ ငွေကြေးထောက်ပံ့ ကူညီသူနှင့် လက်နက်တစ်လက် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.