၆. ၁၀ . ၂၀၁၆ ။ ။ အောက်တိုဘာလ (၆)ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ နယ် ညောင်ပင်ဆိပ်ရပ်ကွက် ကမ်းနားထိပ်တဲအတွင်း သွေးအိုင်ထဲ၌ လူတစ်ဦး လဲကျနေကြောင်း သတင်းအရ စက်မှုဇုန်နယ်မြေရဲစခန်းမှူး ရဲအုပ်လွင်လွင်ထွန်း ဒုရဲအုပ်မင်းလွင်နှင့်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ်သို့သွားရောက် စုံစမ်းရာ သေဆုံးသူမှာလည်ပင်းအား ဓါးဖြင့်ထိုးခံရပြီး လဲကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ရွှေမြိုင်သီရိရပ်နေ ဦးဝင်းနိုင် ဆိုသူဖြစ်ကြောင်း သိရှိရပြီး ဆက်လက်စုံစမ်းခဲ့ရာ ကျူးလွန်သူမှာ ညောင်ပင်ဆိပ်ရပ်ကွက်နေ ဦးခင်မောင်မြင့် ဖြစ်ကြောင်း စစ်ဆေးသိရ၍ လိုက်လံဖမ်းဆီးခဲ့ရာ သက်သေခံ ဓါးနှင့်အတူ ( ၁ )နာရီအတွင်း ဖမ်းဆီးရမိသဖြင့် စက်မှုဇုန်နယ်မြေရဲစခန်း ရာဇသတ်ကြီးပုဒ်မ. ၃၀၂ ဖြင့် အရေးယူထားရှိပါကြောင်း သတင်းရရှိသည်။
People And Police Media Group
မော်လမြိုင်မြို့ နယ်မှာ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
11:21
Rating:
