![]() |
(ဘူးသီးတောင်သို့ ရောက်ရှိ ခိုလုံနေသူ စစ်ပြေးရှောင်များ-ဓာတ်ပုံ နိရဉ္စရာ) |
တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လုံခြုံရေး စိုးရိမ်ရရာမှ မောင်တောမြို့နယ်က နေရပ် စွန့်ခွာ ထွက်ပြေးလာသူ ၂၀၀ ကျော်သည် ယနေ့ ဘူးသီးတောင်မြို့သို့ ရောက်ရှိလာသည်။
လက်ရှိရောက်ရှိလာကြသည့် စစ်ပြေးရှောင် ဒုက္ခသည်များအား ဘူးသီးတောင်မြို့ သုဓမ္မာရုံ ဘုန်းတော်ကြီး ကျောင်းတွင် နေရချထားပေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ နိရဉ္စရာသို့ ပြောသည်။
“ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပေမယ့် စားရေးသောက်ရေး အခက်အခဲရှိနိုင်ကောင်း ရှိလာနိုင်ပါတယ်။ လက်ရှိတော့ စေတနာရှင် အကူအညီတွေနဲ့ ကျွေးမွေး စောင့်ရှောက်ထားပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။
![]() |
(ဘူးသီးတောင်သို့ ရောက်ရှိ ခိုလုံနေသူ စစ်ပြေးရှောင်များ-ဓာတ်ပုံ နိရဉ္စရာ) |
မောင်တောမြို့နယ် အောင်ဇေယျကျေးရွာမှ ထွက်ပြေးလာသူ ဦးစံထွန်းက အခြေအနေ အလွန် ဆိုးဝါးကြောင်း၊ လုံခြုံရေးအားနည်းခြင်းနှင့် စားဝတ်နေရေးအခက်အခဲများကြောင့် ထွက်ပြေးလာရတာဖြစ်ကြောင်း နိရဉ္စရာသို့ ပြောသည်။
“ကျွန်တော်တို့ရွာမှာဆိုရင် လူလတ်ပိုင်းယောင်္ကျားတွေသာ ကျန်ခဲ့တယ်။ ကျန်တွေအကုန်လုံး ထွက်ပြေး လာကြပါတယ်။ ပြဿနာဖြစ်တော့ ကျည်ဆံတွေတောင် ကျွန်တော်တို့ရွာကိုရောက်ပါတယ်။ ရိုဟင်ဂျာ၊ ရိုဟင်ဂျာအော်ပြီးတော့ သွားနေကြတာကို မြင်နေရပါတယ်။ အခု လက်ရှိ ထွက်ပြေးလာနေတဲ့ သူတွေကိုတောင် ဘင်္ဂလီတွေက သစ်ပင်တွေခုတ်လဲ လမ်းပိတ်ထားတယ်လို့ ဖုန်းနဲ့လှမ်းပြောပါတယ်” ဟု ဆက်ပြောသည်။
လက်ရှိဘူးသီးတောင်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များမှာ အောင်ဇေယျ၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝတ်ချောင်းတို့မှ ဒုက္ခသည်များ ဖြစ်ကြောင်း သိရသည်။
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မောင်တောမြို့နယ်မှ နေရပ်စွန့်ထွက်ပြေးလာသူ ၂၀၀ ကျော် ဘူးသီးတောင်သို့ ရောက်ရှိ
Reviewed by THITHTOOLWIN
on
18:16
Rating:
