အသံချဲ့စက်မိုက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန် နိုင်ငံသားကို ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၁ သိန်း ချမှတ်


မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊သုစရိတဓမ္မာရုံ၌ ၀တ်ရွတ်နေစဉ် အသံချဲ့စက်မိုက်ကြိုးများဆွဲဖြုတ်ခဲ့သည့် နယ်သာလန်နိုင်ငံသားကို မဟာအောင်မြေမြို့နယ်တရားရုံးက ယနေ့အောက်တိုဘာ ၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်သည်။

၎င်းသည် ဘာသာ သာသနာ ဓလေ့ထုံးစံနင့်ဆိုင်သည့် ပုဒ်မ ၂၉၅ နင့် လဝက မှဗီဇာစည်းကမ်းဖေါက်ဖျက်မှု ၁၃/၁ အရ တရားစွဲဆိုခံရပြီး ယနေ့ညနေ ၃ နာရီတွင် တရားသူကြီးက ပုဒ်မ ၂၉၆ အရ ထောင်ဒဏ် ၃ လ နင့် လဝက ပုဒ်မ ၁၃/၁ ဖြင့်ဒဏ်ငွေကျပ် ၁ သိန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

ပြစ်ဒဏ်ပတ်သက်၍ လျော့ပေါ့ခြင်း လွတ်မြောက်ခြင်းအတွက် လွတ်ငြိမ်းခွင့်ကို အယူခံဝင်ရန် သို့မဟုတ် နစ်နိုင်ငံချစ်ကြည်မှုကို သံရုံးမှတဆင့် ဆောင်ရွက်ခွင့်ရှိသည်ဟု မြန်မာနိုင်ငံဥပဒေအကူအညီပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အသံချဲ့စက်မိုက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန် နိုင်ငံသားကို ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၁ သိန်း ချမှတ် အသံချဲ့စက်မိုက်ကြိုးများဖြုတ်ခဲ့သူ နယ်သာလန် နိုင်ငံသားကို ထောင်ဒဏ် ၃ လနှင့် ငွေဒဏ် ၁ သိန်း ချမှတ် Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.