နယ်ဝေးမှ ဆရာ၊ ဆရာမများအား သွားရောက်ခေါ်ယူရာတွင် လုံခြုံရေးအားနည်းမှုကြောင့် ယနေ့ထိ ပိတ်မိနေကြဆဲဟုဆို


မောင်တော၊ အောက်တိုဘာ ၁၂

မောင်တောမြို့နယ်နှင့် အလှမ်းဝေးသည့်ကျေးရွာများရှိ အခြေခံပညာ ဆရာ၊ ဆရာမများအား သက်ဆိုင်ရာက သွားရောက်ခေါ်ယူရာတွင် လုံခြုံရေး အားနည်းမှုကြောင့် ယနေ့အချိန်ထိ ပိတ်မိနေကြဆဲဟြု ပည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းနှင့် အဆိုပါဆရာ၊ ဆရာမများက နိရဉ္စရာကိုပြောသည်။

မောင်တောမြို့နယ်ရှိ ဒိုးတန်း၊ ကြိမ်ချောင်း၊ ဂြိတ်ချောင်း၊ ကျွန်းဂေါင်း၊ လောင်းဒုံ၊ ဝေလာတောင်၊ ရွက်ညိုတောင်၊ သရက်အုပ်နှင့်ေ အာင်သပြေစသည့်ကျေးရွာများအပါအဝင် ကျေးရွာအများအပြားရှိ ဆရာ၊ ဆရာမများ ပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။

“အဓိကတော့ လုံခြုံရေးအားနည်းလို့ အခုလိုပိတ်မိနေတာပါ။ ခရိုင်မှူးက သွားခေါ်နေပြီလို့ ကျွန်တော့်ကို ပြောလည်း သွားခေါ်တဲ့ကားက ဟိုကို မရောက်ဘူး။ လုံခြုံရေးအင်အားနည်းလို့ လမ်းမှာကို ပိတ်မိနေတယ်လို့သိရပါတယ်" ဟု မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက နိရဉ္စရာနှင့်တွေ့ဆုံစဉ်ပြောသည်။

နယ်ဝေးရှိ ဆရာ၊ ဆရာမများအား မြို့ပေါ်သို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာက ကြပ်မတ်ဆောင်ရွက်နေသည်ဟု ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်)ကရခိုင်သို့ရောက်ရှိနေသည့် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကပြောဆိုသော်လည်းလက်တွေ့မှာ ပြန်မလာနိုင်ဘဲ ပိတ်မိနေသည့်ဆရာ၊ ဆရာမများ အောက်တိုဘာလ ၁၂ ရက်နေ့အထိ မြောက်မြားစွာရှိနေသေးသည်ဟု ဆရာ၊ ဆရာမများက ဆိုကြသည်။

“ကားနဲ့လာခေါ်မယ်ဆိုလည်း အဆင်ပြေမယ်မထင်ဘူး။ လမ်းမှာက ကုလားရွာတွေ အများကြီးလေ။ ဟိုက်စကီးနဲ့လာခေါ်မှပဲ အဆင်ပြေမယ်ထင်ပါတယ်။တစ်ခုခုဖြစ်မှာတော့ ကျွန်မ အရမ်း စိုးရိမ်တာပဲ”ဟု ဒိုးတန်းကျေးရွာတွင် တာဝန် ထမ်းဆောင်နေသည့် မူလတန်းပြဆရာမ ဒေါ်အေးမြတ်သူက ပြောသည်။

ဘင်္ဂါလီများ အန္တရာယ်မပြုနိုင်သည့်ကျေးရွာတချို့မှ ဆရာ၊ ဆရာမများကိုမူ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ကားများဖြင့် သွားရောက်ခေါ်ဆောင်ပြီး ဘူးသီးတောင်မြို့ပေါ်အထိ လိုက်လံပို့ဆောင်နေမှုလည်း ရှိနေသည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
နယ်ဝေးမှ ဆရာ၊ ဆရာမများအား သွားရောက်ခေါ်ယူရာတွင် လုံခြုံရေးအားနည်းမှုကြောင့် ယနေ့ထိ ပိတ်မိနေကြဆဲဟုဆို  နယ်ဝေးမှ ဆရာ၊ ဆရာမများအား သွားရောက်ခေါ်ယူရာတွင် လုံခြုံရေးအားနည်းမှုကြောင့် ယနေ့ထိ ပိတ်မိနေကြဆဲဟုဆို Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.