နေအိမ်ရှိ ဘီရိုထဲတွင် ပုန်းအောင်းနေသော တရားခံပြေး အီတလီ မားဖီးယား ထိပ်သီးဂိုဏ်းခေါင်းဆောင်ကိုဖမ်းမိ


ရက်ဂီယို ကာလာဘရီဂါ ၊ အောက်တိုဘာ ၆

ဗုဒ္ဓဟူးနေ့က အီတလီနိုင်ငံတောင်ပိုင်း တွင် မာဖီးယားဂိုဏ်းခေါင်းဆောင် အန်တိုနီယိုပီလီအား အီတလီတောင်ပိုင်း ရက်ဂီယို ကာလာဘရီဂါ ရှိ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရရှိခဲ့သည်။ ၄င်းနေအိမ် နံရံရှိ အပေါက်တစ်ပေါက်ကို ရှာဖွေတွေ့ရှိပြီးနောက်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အီတလီနိုင်ငံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အီတလီရဲဌာနက ထုတ်ပြန်ခဲသောဗီဒီယိုတစ်ခုတွင် အန်တိုနီယို ပီလီအား မီးဖိုချောင်ခန်း ဘီရိုတစ်လုံးနောက်ဘက် မှ ထွက်လာပြီး ရဲများထံ တွားသွားလာသည်ကို တွေ့မြင်နိုင်သည်။

ဗီဒီယို ရိုက်ကူးမှု၏ အနီးကပ်ပြကွက်တွင် ပီလီတစ်ယောက်သည် အိပ်ယာငယ် ၊ ခေါင်းအုံး ၊ အိမ်သာသုံးစက္ကူ နှင့် ပန်ကာ အငယ်စားတစ်လုံးပါဝင်သော အံဝှက် အခန်းငယ်တစ်ခုကိုတွေ့မြင်နိုင်သည်။


အီတလီသတင်းအေဂျင်စီ ANSA အရ ပီလီ ကို မန်မား ဟုသိကြပြီး အီတလီနိုင်ငံ၏ ကြောက်စရာ အကောင်းဆုံး ထွက်ပြေးလွတ်မြောက်နေသူ ၀ရမ်းပြေး ၁၀ ဦးစာရင်းတွင်ပါဝင်ပြီး ၂၀၁၁ ဖမ်းဆီးခံရပြီး ဆေးရုံတက်နေစဉ် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။

ပီလီသည် ၂၀၁၄ တွင် နဒရန်ဂီတာ မာဖီးယားဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်အဖြစ် သိကြသည်။
အီတလီ တာဝန်ရှိသူများက အဆိုပါဂိုဏ်းသည် တောင်ပိုင်းနှင့် အလယ်ပိုင်း အမေရိက ၊ ကနေဒါနှင့် အမေရိကန်ပြည်ထောင်စု တို့ရှိ မူးယစ်ဆေးဝါး ကုန်ကူးမှုများနှင့် ချိတ်ဆက်မှုရှိကြောင်းပြောကြားခဲ့သည်။

FBI၏ ပြောကြားချက်အရ နဒရန်ဂီတာ မာဖီးယားဂိုဏ်းသည် ၁၈၆၀ တွင်စတင်တည်ထောင်ခဲ့ပြီး ပြန်ပေးဆွဲခြင်း ၊ အကျင့်ပျက်ခြစားခြင်း ၊ မူးယစ်ဆေးဝါးကုန်ကူးခြင်း ၊ လောင်းကစားခြင်း နှင့် လူသတ်မှုကျုးလွန်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပီလီသည် ပြစ်မှုများကျူးလွန်နေခဲ့သည်မှာ်၂၀၁၁ ခုနှစ်ထဲကဖြစ်သည်။ သူသည် မူးယစ်ကုန်ကူးမှု ၊ မားဖီးယားဂိုဏ်းနှင့်ချိတ်ဆက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံရဖွယ်ရှိနေသည်။ ။

CNN
ATO
china.com Myanmar
https://www.facebook.com/china.com.mm
နေအိမ်ရှိ ဘီရိုထဲတွင် ပုန်းအောင်းနေသော တရားခံပြေး အီတလီ မားဖီးယား ထိပ်သီးဂိုဏ်းခေါင်းဆောင်ကိုဖမ်းမိ  နေအိမ်ရှိ ဘီရိုထဲတွင် ပုန်းအောင်းနေသော တရားခံပြေး အီတလီ မားဖီးယား ထိပ်သီးဂိုဏ်းခေါင်းဆောင်ကိုဖမ်းမိ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.