လူသတ်မှုနှင့် မုဒိန်းမှု ကျူးလွန်သူ ဖမ်းဆီးရမိ


ရွှေပြည်သာမြို့နယ်၌ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်၌ သားမယားပြုကျင့်ခဲ့သည့်အမှုတို့မှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၂၇

၁၉.၃.၂၀၁၆ ရက်နေ့ ၀၃၀၀ အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား
ကျေးရွာ၊ (၂၆)ရပ်ကွက်နေ အသက် ၄၅ နှစ်ရှိ အမျိုးသမီးမှာ လှော်ကား
ဘူတာအနီး ရထားသံလမ်းဘေးတွင် ရင်ညွန့်၌ထိုးသွင်းဒဏ်ရာ၊ နဖူး
ပေါက်ပြဲဒဏ်ရာတို့ဖြင့် လဲကျနေသည်ကိုတွေ့ရှိရ၍ လှော်ကားနယ်မြေ
ရဲစခန်း(ပ)၁၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး
စုံစမ်းလျက်ရှိစဉ် ၎င်းအမျိုးသမီးမှာ အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူ
နေရာမှ သေဆုံးသွားခဲ့၍ ရာဇသတ်ကြီးပုဒ်မ-၃၀၂ သို့ပြောင်းလဲစစ်ဆေး
ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူအားဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လှော်ကား
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ခိုး၊ ဆိုး၊ လု၊ နှိုက်
ပြစ်ချက်ဟောင်းရှိသူ ကော့မှူးမြို့နယ်နေ ခင်ညွန့်(ခ)မျိုးထက်အား
မသင်္ကာဖွယ်စုံစမ်းသိရှိရကာ ၎င်းအား သာကေတမြို့မရဲစခန်းတွင်
စက်ဘီးခိုးမှုဖြင့်ဖမ်းဆီးရမိပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသဖြင့် အဆိုပါအမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းသည် သေဆုံးသူအမျိုးသမီးနှင့် သိကျွမ်းရင်းနှီးသူ
ဖြစ်ပြီး ယင်းနေ့ ၀၀၃၀ အချိန်ခန့်က အခင်းဖြစ်နေရာ၌ ၎င်းအမျိုးသမီးနှင့်
တွေ့ဆုံစဉ် နားကပ်အား အသုံးလို၍တောင်းရာ မရသဖြင့်ဖြုတ်ယူရာမှ
စကားများကာ ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ယင်းအမှုအပြင် ၎င်းသည် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလအတွင်းက ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့နယ်ရှိ ဘုရားပွဲဈေးတွင် အသက် ၁၀ နှစ်အရွယ်
မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့သဖြင့် ဒဂုံမြို့သစ်
(မြောက်ပိုင်း)မြို့မရဲစခန်း(ပ)၆၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃/
၅၁၂ ဖြင့် ခရိုင်တရားရုံးတွင် တရားစွဲဆိုအရေးယူခံထားရသည့်အမှုမှ
တိမ်းရှောင်နေသူ တရားခံပြေးတစ်ဦးလည်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းသိမ်းဆည်းကာ
အမှုများဖြင့်ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခြားခိုးမှု၊
လုယက်မှုများကျူးလွန်ထားခြင်းရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သတင်း
ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လူသတ်မှုနှင့် မုဒိန်းမှု ကျူးလွန်သူ ဖမ်းဆီးရမိ  လူသတ်မှုနှင့် မုဒိန်းမှု ကျူးလွန်သူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.