အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တာဝန်ပေါ့လျှော့သည့် ရဲဝန်ထမ်းများကို အရေးယူသွားမည်


ရန်ကုန်၊ အောက်တိုဘာ ၃

အင်းဝအပ်ချုပ်ဆိုင်အမှုအရေးမယူခဲ့ဘဲ တာဝန်ပေါ့လျှော့ခဲ့သည့်သက်ဆိုင်ရာ ခရိုင်ရဲမှူး မြို့နယ်ရဲမှူး နယ်ထိန်းတို့ကို ရဲစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး မှ အင်းဝအပ်ချုပ်ဆိုင်အမှုနှင့်စပ်လျဉ်း ၍ မေးမြန်းမှု အပေါ်၎င်းကအထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို စစ်ဆေးရန် Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက ကျောက်တံတားရဲစခန်းသို့တိုင်တန်းခဲ့သော်လည်းသက်ဆိုင်ရာရဲဌာကအရေးယူခြင်းမရှိခဲ့ဘဲ လူ့အခွင့်အရေးကော်မရှင်မှ သိန်း ၅၀ လျော်ကြေးဖြင့် ကြားဝင်ညှိုနှိုင်းပေးခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်အမှုတွင် ဖမ်းဆီးခံထားရသူ လူခြောက်ဦးကို လူကုန်တားဥပဒေပုဒ်မ ၂၄/၂၉/၃၂ ။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆။၃၂၅။၃၄၄။၁၁၄။ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)စသည့် ပုဒ်မများဖြင့်အရေးအမှုဖွင့်ထားကြောင်းသိရသည်။

Written by ဆုမင်းကို
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation/
အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တာဝန်ပေါ့လျှော့သည့် ရဲဝန်ထမ်းများကို အရေးယူသွားမည်  အင်းဝအပ်ချုပ်ဆိုင်အမှုတွင် တာဝန်ပေါ့လျှော့သည့် ရဲဝန်ထမ်းများကို အရေးယူသွားမည် Reviewed by THITHTOOLWIN on 13:43 Rating: 5
Powered by Blogger.