လူသတ်မှုမှ ပျောက်ဆုံးနေသောကား ပြန်တွေ့


ဗိုလ်တထောင်မြို့နယ် ၄၅ လမ်း၊အမှတ် (၁၇၀)ရှိ ရှစ်လွှာတိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၈ ရက် နံနက် ၁ နာရီခွဲက အမျိုးသား တစ်ဦးအသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ အသတ်ခံရသည့် အမျိုးသားမှာ အသက် ၃၂ အရွယ် ကိုအောင်သူဖြစ်၍ယင်းတိုက်ခန်းတွင် တစ်ဦးတည်နေထိုင်ကြောင်း သိရသည်။


၎င်းမသေဆုံးမီ အောက်တိုဘာ ၇ ညတွင် သာကေတရှိ ဖခင်၏ ကားအား ယူဆောင်သွားခဲ့ပြီး ယင်းနောက်ပိုင်းတွင် ၄င်း၏ဖခင်မှ ဖုန်းခေါ်ရာ ဆက်သွယ်၍ မရခြင်းကြောင့် ရဲတပ်​ဖွဲ့ ထံ အကြောင်းကြားကာ နေအိမ်သို့ ဝင်ရောက်စစ်ဆေးရာ ယင်းအမျိုးသားမှာ ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဖြစ်ကြောင်းသိရသည်။

ယင်းဖြစ်စဉ်အား ပ/၁၇၄/၁၆ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


ထိုပြင် သေဆုံးသူ မောင်းနှင် သွားသော Toyoto mark II အဖြူရောင် ကား ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းထိပ် ကမ်းနားလမ်းဘက်ခြမ်း တွင် အောက်တိုဘာ ၈ ရက်နေ့ကုပြန်လည်တွေ့ရှိကြောင်း သိရသည်။
" သူ့အဖေဆီက ယူသွားတယ်ဆိုတဲ့ ကားက ဒီနေ့ ညနေမှာ ၄၅ လမ်းထိပ် ကမ်းနားလမ်းမှာ တွေ့တယ်။ ကားမှာလည်း သွေးကွက်တွေ တွေ့လို့ စီအိုင်ဒီကို ခေါ်စစ်ဆေးနေတယ်။ ဒါက လူသတ်ပြီး ကားယူသွားတယ်လို့ ယူဆပါတယ် ။ တရားခံကိုတော့ ဆက်လက်စုံစမ်းနေပါတယ် '' ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
လူသတ်မှုမှ ပျောက်ဆုံးနေသောကား ပြန်တွေ့ လူသတ်မှုမှ ပျောက်ဆုံးနေသောကား ပြန်တွေ့ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.