ဆိုင်ကယ်တိုက်မှုကို စကေဘယ်လ်ကိုင်ပြီး ဖြေရှင်းသူအား ရပ်ကွက်မှ ပိတ်ဆို့ ဖမ်းဆီး


တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၂)ရပ် မီးသတ်လမ်းဆုံတွင် စက်တင်ဘာ(၃၀)ရက်၊ ည(၁၀)နာရီခန့်က"ကန်းငယ်"မောင်းနှင်သည့် ဆိုင်ကယ်နှင့်"မောင်ယု"မောင်းနှင်ပြီး "အောင်မျိုးမင်း"ထိုင်လိုက်လာ သည့် ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဆိုင်ကယ်တိုက်မှုဖြစ်ပွားပြီး "ကန်းငယ်" ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွင် လဲကျဒဏ်ရာကြောင့် ကိုယ်ဝန်ထိခိုက်ပြီး သွေးထွက်များနေသဖြင့် ပတ်ဝန်းကျင်မှ ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေချိန် "မောင်ယု"ဆိုင်ကယ်မှာ မောင်းနှင်ထွက်ပြေး သွားပါသည်။

 (၁၀)မိနစ်ခန့်ကြာ အခင်းဖြစ်ပွားသည့်နေရာသို့ ဆိုင်ကယ်မှာ မောင်းနှင်ထွက်ပြေး သွားသည့် "မောင်ယု" စကေဘယ်လ်ကိုင်ပြီး ပြန်ရောက်လာသဖြင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများအဖွဲ့ မှ ပိတ်ဆို့ဖမ်းဆီးပြီး
မြိတ်-မြို့မရဲစခန်းသို့ အပ်နှံပေးခဲ့ကြောင်း သိရသည်။

Myat Htut - Myeik
ဆိုင်ကယ်တိုက်မှုကို စကေဘယ်လ်ကိုင်ပြီး ဖြေရှင်းသူအား ရပ်ကွက်မှ ပိတ်ဆို့ ဖမ်းဆီး ဆိုင်ကယ်တိုက်မှုကို စကေဘယ်လ်ကိုင်ပြီး ဖြေရှင်းသူအား ရပ်ကွက်မှ ပိတ်ဆို့ ဖမ်းဆီး Reviewed by THITHTOOLWIN on 04:49 Rating: 5
Powered by Blogger.