ပန်းခြံအနီး ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွား


ထားဝယ် အောက်တိုဘာ ၂၃

ထားဝယ်မြို့ ညောင်ရမ်းရပ် ကွက်ရှိ ရွှေဝယ်သီရိရင်ပြင် ကလေးကစားကွင်းသို့ အမျိုးသမီး တစ်ဦးသည် ယခုလ ၂၁ ရက်ည ၈နာရီခွဲကသူငယ်ချင်းများနှင့်အတူ သွားရောက်ပြီး ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ၄င်း၏ နောက်တွင် ဆိုင်ကယ်ဖြင့် လိုက်ပါ လာသူနှစ်ဦးအနက် နောက်မှစီးနင်း လိုက်ပါလာသူက ပိုက်ဆံအိတ်လု ယူထွက်ပြေးမှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။

ထိုသို့ လုယူစဉ်ဆိုင်ကယ်နှစ် စီးလုံး လဲကျသွားခဲ့ရာမှ ပိုက်ဆံ အိတ်လုယူသူအား အဆိုပါအမျိုး သမီးကဆွဲထားပြီး အော်ဟစ်အကူ အညီတောင်းခံရာ အနီးပတ်ဝန်း ကျင်ရှိပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင် များ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်း ဆီးခဲ့ကြသည်။

ပိုက်ဆံအိတ်လုယူသူအား မ-----က တရားလိုပြုတိုင်ကြား သဖြင့် မင်းကို(၁၉နှစ်) ကြက်စား ပြင်ရပ် ထားဝယ်မြို့၊ မောင်မောင် ကနိုင်းဒါကျေးရွာ ထားဝယ်မြို့၊ သူရအောင် ကနိုင်းဒါကျေးရွာ ထားဝယ်မြို့နယ်တို့အား ထားဝယ် မြို့မရဲစခန်းက (ပ)၁၂၈ဝ/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၂ဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဖိုးရွှေသွန်း(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net/
ပန်းခြံအနီး ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွား ပန်းခြံအနီး ပိုက်ဆံအိတ်လုယက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.