အောက်တိုဘာ ၁၀ / DMG
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် တရားမဝင်ဘေးတွဲဆိုင်ကယ်များကို ပြေးဆွဲခွင့်ရပ်တန့်ပေးဖို့ ဆိုက်ကားသမား ၁၀၀ ကျော်ခန့်က အောက်တိုဘာလ ၁၀ ရက်နေ့၊နံနက် ၁၀ နာရီအချိန်ခန့်မှာ မြို့တစ်ပတ် လမ်းလျှာက် ဆန္ဒပြတောင်းလိုက်ကြောင်း သိရသည်။
တရားမဝင် ဘေးတွဲဆိုင်ကယ်များသည် မြို့ထဲတွင်ပြေးဆွဲနေသည့်အတွက် အနှေးယာဉ်(ခေါ်)ဆိုက္ကားသမားများမှာ ပုံမှန်ဝင်ငွေမရရှိမှု၊ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်လာသည့်အတွက် ဘေးတွဲဆိုင်ကယ်များအား ပြေးဆွဲခွင့်ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု မင်းပြားမြို့ ဆိုက္ကားအသင်း ဥက္ကဌ ဦးစိုးဝင်းက ပြောသည်။
“ဘေးတွဲဆိုင်ကယ်တွေကြောင့် ဆိုက္ကားသမားတွေဟာ စားဝတ်နေရေးတွေ ခက်ခဲလာပါတယ်။ ကျွန်တော်တို့ကတော့ အမြဲတမ်းလိုင်စင်လုပ်ပြီးတော့ ငွေတွေသွင်းနေရပါတယ်။ သူတို့မှာက ငွေလည်း မသွင်းရဘူးလေ။ ဒါကြောင့် ဘေးတွဲဆိုင်ကယ်တွေကို ဖျက်သိမ်းပေးဖို့တောင်းဆိုရတာပါ ” ၎င်းကပြောသည်။
ဘေးတွဲဆိုင်ကယ်များအား ဖျက်သိမ်းပေးဖို့အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား စာတင်ထားဖူးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဆန္ဒပြတောင်းဆိုရာတွင် တရားမဝင် ဘေးတွဲဆိုင်ကယ်ဖြုတ်ချပေးရေး၊ ဆိုက်ကားသမား စားဝတ်နေရေးဖုံလှုံရေး အချက်တို့ကို ကြွေးကြော်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
မင်းပြားမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် စုစုပေါင်း ၁၀၀ စီးနှင့် ဆိုက်ကား ၃၅၀ ခန့်ရှိကြောင်းလည်း သိရသည်။
ကိုကျော်မျိုး(မင်းပြား)
Development Media Group
https://www.facebook.com/DevelopmentNJ/
မင်းပြားမြို့နယ်တွင် တရားမဝင်ဘေးတွဲဆိုင်ကယ်များကို ပြေးဆွဲခွင့်ရပ်တန့်ပေးဖို့ ဆန္ဒပြတောင်းဆို
Reviewed by THITHTOOLWIN
on
18:46
Rating:
