နိုင်ငံခြားသားဧည့်သည် လက်ခံထားပါက၂၄နာရီအတွင်း အကြောင်းကြားရန် လဝက ကြေညာ


အောက်တိုဘာ ၂၁

နိုင်ငံခြားသားဧည့်သည်များ လက်ခံထားပါက ၂၄နာရီအတွင်း အကြောင်းကြားရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ တိုက်ခန်းများအောက်တွင် ကြေညာစာများ ကပ်ထားကြောင်း သိရသည်။

''ဒါက ဧည့်စာရင်းမဟုတ်ဘူး။ ဥပဒေအရ သတင်းပို့ရမယ် ။ တိုးရစ်ဗီဇာနဲ့ဖြစ်ဖြစ်၊ ဆိုရှယ်ဗီဇာနဲ့ဖြစ်ဖြစ် ၊ စီးပွားရေးဗီဇာနဲ့ဖြစ်ဖြစ် အခုလို ကြေညာတာ၊ ဒါတွေလက်ခံတာ အခုတလော ပြန်ဖြစ်လာလို့ပါ။ တို့ကတော့ အမြဲစစ်ဆေးနေမှာပဲ''ဟု လူဝင်မှုကြီးကြပ်ရေးဌာနက အရာထမ်းတစ်ဦးက ဆိုသည်။

လိုက်နာရန် ပျက်ကွက်ပါက ၁၉၄၀ပြည့်နှစ် နိုင်ငံခြားသားမှတ်ပုံတင်ရေးဥပဒေ ၅ (၁)အရ အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်၃နှစ်အထိလည်းကောင်း၊ ငွေဒဏ်အဖြစ်လည်းကောင်း ၊ ဒဏ်နှစ်ရပ်လုံးလည်းကောင်း ချမှတ်မည်ဖြစ်ကြောင်း ကြေညာစာတွင် ဖော်ပြပါရှိသည်။

'' ဝင်တာ သတင်းပို့ရသလို ပြန်ထွက်ရင်လည်း သတင်းပို့ရတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

လတ်တလော ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွက် မှတ်ပုံတင်ထားသူ ပြည်ပနိုင်ငံသား ၁၅ဦး ရှိကြောင်း သိရသည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
နိုင်ငံခြားသားဧည့်သည် လက်ခံထားပါက၂၄နာရီအတွင်း အကြောင်းကြားရန် လဝက ကြေညာ  နိုင်ငံခြားသားဧည့်သည် လက်ခံထားပါက၂၄နာရီအတွင်း အကြောင်းကြားရန် လဝက ကြေညာ Reviewed by THITHTOOLWIN on 16:44 Rating: 5
Powered by Blogger.