အလိုမတူဘဲ သားမယားပြုကျင့်သူအား အမှုဖွင့် အရေးယူ


ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မှာ အောက်တိုဘာ(၁၈)ရက်ညနေ(၃)နာရီ က အလိုမတူဘဲသားမယားပြုကျင့်သူကို မုန်းနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မုန်း အမှတ်(၄)ရပ်ကွက်နေသူ မမီးမီးက ညီမဖြစ်သူအား အလိုမတူဘဲသားမယားပြု ကျင့်သူ ဇော်မင်းဦးအားအရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

 မုန်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန်းထိုက်ထွေးက နယ်မြေအတွင်းမှာ(၃)နှစ်တာကာလအတွင်း မုဒိမ်းမှုဖြစ်ပွားခြင်း မရှိခဲ့ကြောင်းနဲ့အခုဖြစ်ပွားတဲ့ အမှုအပေါ်အရေးယူ ဆောင်ရွက်ထားရှိပုံတို့ကို အခုလိုပြောပါတယ်။

 အောက်တိုဘာ(၁၇)ရက်က ဇော်မင်းဦးဟာ ဆိုင်ကယ်နဲ့ရောက်လာပြီး မုန်း(၂)ရပ်ကွက်အတွင်းမှာ ပြုလုပ်တဲ့ဘုရားပွဲကို လိုက်ပို့ပေးမယ်လို့ပြောဆိုကာ အမျိုးသမီးကိုဆိုင်ကယ်နဲ့ တင်ခေါ်ခဲ့ကြောင်း၊ ညောင်ပင်သာကျေးရွာအနီး တောင်ငူ-မုပ္ပလင်ကားလမ်းဘေးရှိ ဇရပ်အတွင်းခေါ်ဆောင်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ညီမဖြစ်သူရဲ့ပြောပြချက်အရ အလိုမတူဘဲသားမယားပြု ကျင့်သူ ဇော်မင်းဦးအား အရေးယူပေးဖို့တရားလိုပြုတိုင်ကြားခဲ့တာ ဖြစ်တယ်လို့ မမီးမီးကပြော ပါတယ်။

တိုင်ကြားချက်အရ မုန်းနယ်မြေရဲစခန်း က (ပ)၆၃/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၇၆)နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားပြီှး တရားခံဇော်မင်းဦးကို ဖမ်းဆီးစစ်ဆေးကာ ရဲလုပ်ငန်းစဉ်တွေအရ လိုအပ်တာတွေဆောင်ရွက် လျက်ရှိပါတယ်။ ဒီသတင်းကို ပန်းချီသန်းဝင်း(ကျောက်ကြီး)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အလိုမတူဘဲ သားမယားပြုကျင့်သူအား အမှုဖွင့် အရေးယူ  အလိုမတူဘဲ သားမယားပြုကျင့်သူအား အမှုဖွင့် အရေးယူ Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.