မြိတ်မြို့ ကံခေါင်းရပ် တိမ်လွှာတည်းခိုခန်းတွင် ဘဂါင်္လီလူမျိုး ၃ ဦးဖမ်းဆီရမိ တရားစွဲ


၂၈-၁၀-၂၀၁၆

(၂၇-၁၀-၂၀၁၆)ရက်​နေ့(၁၉၀၀)အချိန်​ မြိတ်​ခရိုင်​ မှုခင်းအကူအဖွဲ့မှရဲအုပ်​ခင်​​မောင်​​အေး၊ အမှတ်​(၂)နယ်​​မြေရဲကင်းမှူး ဒုရဲအုပ်​​ကျော်​ဆန်းဦးနှင့်​ တပ်​ဖွဲ့ဝင်​များသည် သက်​​သေများနှင့်​အတူ မြိတ်မြို့၊ ကန်ခေါင်း ရပ်ကွက်၊ ပန်းဝတ်ရည်လမ်းရှိ တိမ်လွှာထွန်း တည်းခိုခန်းတွင် ဘင်္ဂါလီ(၃)ဦးရောက်ရှိနေကြောင်း သတင်းအရ သွား​ရောက်​စစ်​​ဆေးရာ တည်းခိုခန်း၊ ဒုတိယအထပ်​၊ အခန်းအမှတ်​(C -2)၌ တည်းခို​နေ သော ​ဒေါ်သီတာ(ခ)ဆာဘူဒါ၊(၄၇)နှစ်​၊(ဘ)ဦး​မောင်​တင်​(ခ)ဂျမား၊ ကျူ လီရာ / အစ္စလာမ်​၊ ၁၂/ ဒဂတ (ယ)၀၀၇၃၉၂၊ မှီခို၊ အမှတ်​ -၆၄၅၊ ​ရွှေဝါထွန်း(၂)လမ်း၊ (၁၀၄)ရပ်​ကွက်​၊ ဒဂုံမြို့သစ်​​တောင်​ပိုင်း၊ ရန်​ကုန်​တိုင်း​ဒေသကြီး​၊ ဒေါ်သန်းသန်းအေး(ခ)ဂျွန်မာဘီ(၄၉)နှစ်၊ (ဘ)ဦးအဒူဂျာဗား၊ ဘင်္ဂါလီ/အစ္စလာမ်၊ ၁၂/ဒဂတ(ယ) ၀၁၁၆၁၉၊ မှီခို၊ အမှတ်(၇၂၂)၊ ရွှေဝါထွန်းလမ်းသွယ်၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မဆာဂျီဒါ (ခ) မရွှေစင်(၂၀)နှစ်၊ (ဘ)ဦးရှော်ရာအာလီ(ခ) ဦးရွှေလာ၊ ကရင်/အစ္စလာမ်၊ မှီခို၊ အမှတ်(၆၄၅)၊ ရွှေဝါထွန်း(၂)လမ်း၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနေထိုင်​သူတို့(၃)ဦး အား ​တွေ့ရှိခဲ့ရပါသည်။

၎င်းတို့(၃)ဦးသည်​(၂၆-၁၀-၂၀၁၆)ရက်နေ့ (၁၇၀၀)အချိန်​ ရန်​ကုန်​မြို့မှ မြိတ်​မြို့သို့ ​"​အောင်​ရတနာ" ခရီးသည်​တင်​မှန်​လုံ​မော်​​တော်​ယာဉ်​ဖြင့်​ လိုက်​ပါလာကာ (၂၇-၁၀-၂၀၁၆)ရက်​နေ့(၁၅၀၀)အချိန့်မြိတ်​မြို့ရှိ "တိမ်​လွှာထွန်း"တည်းခိုခန်းသို့​ရောက်​ရှိခဲ့ကြောင်း၊ (၂၈-၁၀-၂၀၁၆)ရက်​​နေ့တွင်​ တနင်္သာရီ မြို့နယ်​သို့ ခရီးသည်​တင်​​မော်​​တော်​ယာဉ်​ဖြင့်​ဆက်​လက်​ထွက်​ခွာရန်​စီစဉ်​​နေစဉ်​ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်​​ကြောင်းသိရှိရသဖြင့် ၄င်းတို့ (၃)ဦးသည် ၁၉၅၁ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေပုဒ်မ-၂၉(၁)ကိုဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သောကြောင့် ၁၉၄၉ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၆(၂)၊ ၆ (၃)အရအရေးယူဆောင်ရွက်ပေးရန် (၂၈-၁၀-၂၀၁၆) ရက်နေ့ (၁၀၀၀)အချိန်​ မြိတ်မြို့နယ်လ၀ကမှူး ဦးမျိုးမင်းအောင်​ မှ မြိတ်မြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားတရား စွဲခဲ့ရာ မြိတ်မြို့နယ် တရားရုံးမှ ရာကြီးအမှုအမှတ်၊ ၂၃၁၉/၂၀၁၆ဖြင့်လက်ခံပြီး မြို့နယ်တရားသူကြီး ဦးမျိုးဝင်းမှ လက်ခံစစ်ဆေး လျှက်ရှိကြောင်းသိရှိ ရပါသည်။

မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

မြိတ်မြို့ ကံခေါင်းရပ် တိမ်လွှာတည်းခိုခန်းတွင် ဘဂါင်္လီလူမျိုး ၃ ဦးဖမ်းဆီရမိ တရားစွဲ  မြိတ်မြို့ ကံခေါင်းရပ် တိမ်လွှာတည်းခိုခန်းတွင် ဘဂါင်္လီလူမျိုး ၃ ဦးဖမ်းဆီရမိ တရားစွဲ Reviewed by THITHTOOLWIN on 11:51 Rating: 5
Powered by Blogger.