သီတင်းကျွတ်လပြည့်ညမှာ အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား ဖမ်းဆီးအရေးယူ


 သီတင်းကျွတ်လပြည့်ညအား အကျီးတန်အရုပ်ဆိုးစေအောင် အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူ

မုံရွာ၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဇောတိကရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက်အနီး ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၆ ရက်၊ သီတင်းကျွတ်လပြည့်ည ၁၁ နာရီခွဲအချိန်ခန့်က အုပ်စုဖွဲ့ လက်နက်ကိုင် လူငယ်အဖွဲ့ တစ်ဖွဲ့က လေးခွဖြင့် အများပြည်သူကို ပစ်ခတ်ရမ်းကားလျက်ရှိသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ လှည့်ကင်းအဖွဲ့သည် ၎င်းနေရာသို့ သွားရောက်၍ ဖမ်းဆီးအရေးယူခဲ့သည်။


‘’ .. သီတင်းကျွတ်လပြည့်ဆိုတာ မိဘဆရာတွေရဲ့ ကျေးဇူးတရားကို တုန့်ပြန်ကန်တော့ကြတဲ့ နေ့တစ်နေဖြစ်ပါတယ် .. ဘာသာတရားရဲ့ အယူဝါဒအရ အင်မတန်လှပတဲ့ သီတင်းကျွတ်လပြည့်ညရဲ့ အလှကို အလို အုပ်စုဖွဲ့ပြီး လက်နက်ကိုင် ရမ်းကားနေတာဟာ သီတင်းကျွတ်ရဲ့ အနှစ်သာရကို အကျီးတန်စေပါတယ် …”” .ဟု ဗသုကာ ပညာရှင် မောင်မောင်စိုး(သလ္လာ)က ပြောသည်။


အဆိုပါ အုပ်စုဖွဲ့ လူငယ်အဖွဲ့အား လှည့်ကင်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်သည့်ခါ လောက်လေးခွနှင့် ခေါက်ဓားမြှောင်တစ်ချောင်းအား ကိုင်ဆောင်ထားသည်ကို စီစစ်တွေ့ရသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ရန် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အောင်ချမ်းသာဈေးအနီးတွင် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက် ည ၉ နာရီအချိန်က ဆိုင်ကယ်အချင်းချင်း ရှောင်တိမ်းကျော်တက်ရာမှ စကားများရန်ဖြစ်ခဲ့ရာ လောက်လေးခွဖြင့်ပစ်ခတ်ပြီးနောက် ဓားဖြင့်ထိုးသဖြင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်း လူသတ်မှုဖြစ်စဉ်မှာ နှစ်နှစ်ကာလကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
သီတင်းကျွတ်လပြည့်ညမှာ အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား ဖမ်းဆီးအရေးယူ  သီတင်းကျွတ်လပြည့်ညမှာ အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 04:33 Rating: 5
Powered by Blogger.