ရွှေပေါကံ္ကနယ်မြေမှာ ခိုးဝင်လာသူ ဘင်္ဂါလီ (၁၇)ဦး ဖမ်းမိ


နေအိမ်အတွင်းသို့ ကျော်နင်းဝင်ရောက်နေကြောင်းသတင်းအရ
စစ်ဆေးရာမှ အထောက်အထားမဲ့ခိုးဝင် လာသူများတွေ့ရှိသဖြင့်
အမှုဖွင့်အရေးယူပြီး ၎င်းတို့အားတရားမ၀င်ပို့ဆောင်ပေးသူများကို
ထပ်မံအမှုဖွင့်အရေးယူ

ရန်ကုန်၊ အောက်တိုဘာ ၂၃

၂၂.၁၀.၂၀၁၆ ရက်နေ့ ၁၉၃၀ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊
ရွှေပေါကံ္ကမြို့၊ အလောင်းဘုရားလမ်းရှိ နေအိမ်ခြံစည်းရိုးအား မသင်္ကာဖွယ်
အမျိုးသားတစ်ဦးမှ ကျော်နင်းဝင်ရောက်နေကြောင်း သတင်းအရ
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါကံ္ကနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များက
သက်သေများနှင့်အတူ အဆိုပါနေအိမ်သို့ ၀င်ရောက်စစ်ဆေးရှာဖွေရာ
နေအိမ်အတွင်း အထောက်အထားမဲ့ခိုးဝင်လာသူ ဟာဘီးပါ ၁၇ ဦးတို့အား
စိစစ်တွေ့ရှိခဲ့ရပါသည်။

အဆိုပါ တွေ့ရှိသူများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရာ ၎င်းတို့သည်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ကျောက်တော်မြို့နယ်
တို့မှ လာရောက်ခဲ့ကြကြောင်း၊ ပွဲစားများဖြစ်ကြသော ၀င်းကျော်(စုံစမ်းဆဲ)နှင့်
အေးသိန်း(စုံစမ်းဆဲ)တို့အား ပို့ဆောင်ခအဖြစ်တစ်ဦးလျှင်ငွေကျပ် ၁၁သိန်း
ပေးရကြောင်း၊ ၎င်းတို့ ၂ဦးမှ မော်တော်ယာဉ်ဖြင့် ရခိုင်ပြည်နယ်မှ
မကွေးမြို့သို့လည်းကောင်း၊ မောင်ကျော်(စုံစမ်းဆဲ)မှ မကွေးမြို့မှ
ရန်ကုန်မြို့သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ
နေအိမ်သို့ ရောက်ရှိသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး မလေးရှားနိုင်ငံသို့
အောက်လမ်းမှ ဆက်လက်သွားရောက်လိုပါက တစ်ဦးလျှင်ငွေကျပ်
၁၂သိန်းခွဲပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ မလေးရှားနိုင်ငံတွင် တရားမ၀င်သွားရောက်အလုပ်လုပ်ကိုင်ရန်
အတွက် ရခိုင်ပြည်နယ်မှ မကွေးမြို့သို့လည်းကောင်း၊ မကွေးမြို့မှ
ရန်ကုန်မြို့သို့လည်းကောင်း ပို့ဆောင် ပေးခဲ့သူများဖြစ်သည့် ၀င်းကျော်၊
အေးသိန်း၊ မောင်ကျော်တို့နှင့် အထောက်အထားမဲ့ခိုးဝင်လာသူများ
ဖြစ်ကြသည့် ဟာဘီးပါ ၁၇ ဦးတို့အား ရွှေပေါက္ကံနယ်မြေရဲစခန်း(ပ)
၅၁၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နှင့်လည်းကောင်း၊
ဟာဘီးပါ ၁၇ဦးတို့အား ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ
မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂)/၆(၃)ဖြင့် အမှုဖွင့်ကာ ၀င်းကျော်၊
အေးသိန်းနှင့် မောင်ကျော်တို့ (၃)ဦးအား ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များ
အတွင်း မသင်္ကာဧည့်စိမ်းများ ရောက်ရှိနေကြောင်း သိရှိပါက
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ဖွင့်လှစ်ထားရှိသော 199 Call Center
ဖုန်းအမှတ် ၁၉၉ နှင့် ဖုန်းအမှတ် ၀၁-၂၃၂၃၁၉၉သို့ ဆက်သွယ်
သတင်းပေးကြပါရန် အသိပေးဖော်ပြအပ်ပါသည်။

Yangon Police
https://www.facebook.com/yangonpolice
ရွှေပေါကံ္ကနယ်မြေမှာ ခိုးဝင်လာသူ ဘင်္ဂါလီ (၁၇)ဦး ဖမ်းမိ   ရွှေပေါကံ္ကနယ်မြေမှာ ခိုးဝင်လာသူ ဘင်္ဂါလီ (၁၇)ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.