ဘင်္ဂလာဒေ့ရှ် ရဲစီးနှင်းမှုအတွင်း အကြမ်းဖက်သမား ၁၁ ဦးသေဆုံး


နိရဉ္စရာ၊ နိုဝင်ဘာ ၈

ယနေ့နံနက်က ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ရဲစီးနှင်းမှု ဖြစ်စဉ် (၃) ခု အတွင်း အကြမ်းဖက်သမားဟု ယူဆရသူ ၁၁ ဦး သေဆုံးခဲ့ကြောင်း The Daily Star သတင်းတွင် ဖော်ပြသည်။

ယနေ့နံနက်စောစောက မြို့တော် ဒက္ကားမြောက်ဘက် ဂါဇီပူရ်မြို့ ရှိ Afarkhola ရှိ နှစ်ထပ် အိမ်တစ်လုံးကို အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ Rapid Action Battalion (RAB) က ၀င်ရောက်စီးနှင်း စဉ် နှစ်ဦး သေဆုံးပြီး နောက်ထပ် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် တန်ပြန် အကြမ်းဖက်နှိမ်နှင်းရေး ဘင်္ဂလာရဲတပ်ဖွဲ့က Afarkhla အရပ်ရှိ နေရာအများအပြားကို စီးနှင်းစဉ် နောက်ထပ် အများအပြား သေဆုံးခဲ့သည်ဟု ဆိုသည်။


နောက်ထပ် တန်ဂေးမြို့တွင် အကြမ်းဖက်သမား နှစ်ဦးနှင့် ဂါဇီပူရ် မြို့ Harinal အရပ်တွင် နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

တန်ပြန် အကြမ်းဖက် နှိမ်နှင်းရေးတပ်ဖွဲ့ အကြီးအကဲ Sanowar Hossain က စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ကြောင်း အတည်ပြု ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။

သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရှိရသေးသော်လည်း သေဆုံးသူများမှာ အသက် ၁၇ နှစ်နှင့် ၂၅ နှစ် အရွယ်များဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

သူတို့ထံမှ AK 47 တစ်လက်၊ ပစ္စတိုတစ်လက်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ကျည်ဆံအများအပြားနှင့် Laptop ကွန်ပျူတာများ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်တွင် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့များကို အပြင်းအထန် နှိမ်နှင်းနေရာ ရဲလက်ချက်ဖြင့် အကြမ်းဖက်သမား ဒါဇင်နှင့်ချီပြီး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ် ရဲစီးနှင်းမှုအတွင်း အကြမ်းဖက်သမား ၁၁ ဦးသေဆုံး  ဘင်္ဂလာဒေ့ရှ် ရဲစီးနှင်းမှုအတွင်း အကြမ်းဖက်သမား ၁၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 06:10 Rating: 5
Powered by Blogger.