အင်းဝအပ်ချုပ်ဆိုင်အမှု အိမ်အကူ အမျိုးသမီးတစ်ဦးအား လိုပြသက်သေအဖြစ်စစ်ဆေး


ရန်ကုန် အောက်တိုဘာ ၂ဝ

အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ် ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် ခြောက်ဦးအမှုအား ဒုတိယရဲမှူး မျိုးသိန်းက တရားလိုပြုလုပ်ကာ ရာဇဝတ်ကြီး အမှုအမှတ် ၁၁ဝ/၁၆ ဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်အနောက် ပိုင်းခရိုင်တရားရုံး၌ အိမ်အကူအမျိုး သမီးငယ် နှစ်ဦးနှင့်အတူ အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သူ မတင်တင်ခိုင်အား အဓိကလိုပြ သက်သေအဖြစ် စစ်ဆေး ခဲ့သည်။

မတင်တင်ခိုင်(ခ) မတင်တင်နိုင် သည် အင်းဝအပ်ချုပ်ဆိုင်၌ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးဖြစ်သည့် မစမ်း ကေခိုင်၊ မသဇင်တို့နှင့်အတူ အိမ်အကူ အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ မတင်တင်ခိုင်သည် အင်းဝအပ်ချုပ်ဆိုင်၌ အလုပ်လုပ်နေစဉ် ၄င်းကိုယ်တိုင် အိမ်ရှင် များ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရ ကြောင်း၊ နောက်ဆုံးတွင် ၄င်းသည် အင်းဝအပ်ချုပ်ဆိုင်မှ ထွက်ခဲ့ရ ကြောင်း၊ အလုပ်လုပ်နေစဉ်အတွင်း လုပ်အားခများ အပြည့်အဝရရှိခဲ့သော် လည်း ညှဉ်းပန်းနှိပ်စက်မှုများကို ခံခဲ့ရကြောင်း တရားရုံး၌ ထွက်ဆိုခဲ့ သည်။

ကော့မှူးမြို့နယ်မှ အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးဖြစ်သည့် မစမ်း ကေခိုင်နှင့် မသဇင်တို့သည် အဆိုပါ အင်းဝအပ်ချုပ်ဆိုင်၌ လွန်ခဲ့သော ငါးနှစ် က အိမ်အကူအဖြစ် လုပ်ကိုင်ဆောင်ရွက် နေစဉ် အိမ်ရှင်တို့၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သော ဒေါ်တင်သူဇာ၊ ခင်ပွန်း ကိုလတ်၊ သား တင်မင်းလတ်၊ စုမွန်လတ်၊ သီရိလတ် နှင့် ရာဇာထွန်းတို့ကို တရားစွဲဆိုထား ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်က တရား လိုဘက်ကို စတင်စစ်ဆေးခဲ့ရာ အဓိက တရားလိုအဖြစ် ဒုတိယရဲမှူး မျိုးသိန်းကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆေးမှု အပြီး တစ်ရွာတည်းနေ အိမ်အကူနှစ်ဦး နှင့်အတူ အင်းဝအပ်ချုပ်ဆိုင်၌ အိမ်အကူ အဖြစ် သုံးနှစ်ကြာအလုပ် လုပ်ကိုင်ခဲ့သူ မတင်တင်ခိုင်ကို အဓိက လိုပြသက်သေ အဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သူသည် အင်းဝအပ်ချုပ်ဆိုင်၌ အသက် ၁၃ နှစ် ကတည်းက အလုပ်လုပ်ကိုင်ခဲ့သူဖြစ် ကြောင်းလည်း သိရသည်။ အဆိုပါ အမှု ကို အောက်တိုဘာ ၂၇ ရက်တွင် တရားလို ပြသက်သေများကို ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ တရားလိုပြ သက်သေ ၁၅ ဦးအထိ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

သတင်း-မြင့်မောင်စိုး
ဓာတ်ပုံ-သက္က
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အင်းဝအပ်ချုပ်ဆိုင်အမှု အိမ်အကူ အမျိုးသမီးတစ်ဦးအား လိုပြသက်သေအဖြစ်စစ်ဆေး  အင်းဝအပ်ချုပ်ဆိုင်အမှု အိမ်အကူ အမျိုးသမီးတစ်ဦးအား လိုပြသက်သေအဖြစ်စစ်ဆေး Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.