မလေးရှားနိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား ၆ ဦးသေဆုံး

မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ ရှိ ဆေးရုံမီးလောင်မှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)
    ကွာလာလမ်ပူ ၊ အောက်တိုဘာ ၂၅ ရက်

    မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးဘာရူးမြို့ ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆေးရုံပေါ်တွင်တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ ၆ ဦးသေဆုံးသွားကြောင်း The Star သတင်းစာဖော်ပြချက်အရသိရသည်။

ဂျိုဟိုးမြို့ ရှိ ဆူလ်တန်အမီနတ် ( Sultanah Aminah) ဆေးရုံ ဒုတိယထပ်ရှိ အရေးပေါ်လူနာဆောင်မှ စတင်မီးစွဲလောင်ခြင်း ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အရေးပေါ်ခန်း၌ လူနာ ၇ ဦးတက်ရောက် ဆေးကုသလျက်ရှိကြောင်း သိရသည်။

မီးလောင်မှုကို ငြိမ်းသတ်နေစဉ်အတွင်း လူနာ ၆ ဦး၏ အလောင်း ကို ရှာဖွေတွေ့ ရှိခဲ့ကြောင်း နှင့် မီးလောင် ဒဏ်ရာအပြင်းအထန်ရရှိထားသော အမျိုးသားလူနာတစ်ဦးကို နီးစပ်ရာ အခြား ဆေးရုံတစ်ရုံသို့ ပို့ ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆေးရုံဝန်ထမ်း ၁ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့်  ၄င်းတို့ အနက် ၂ ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ ဆောင်၍ ဆေးကုသမှုပေးထားကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး S.Subramaniam က ၄င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ထို့ ပြင် ကယ်တင်ထားသော လူနာအားလုံးကိုလိုအပ်သည့် ဆေးဝါးကုသမှုများကို ပေးထားကြောင်း ထပ်မံဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နှင့် ဆေးရုံအတွင်းရှိ လျှပ်စစ်ဆားကစ်ပြား အပူလွန်ကဲမှုရာမှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ကနဦးရဲတပ်ဖွဲ့ သက်သေခံချက်များအရ့ တွေ့ ရှိရကြောင်း Oriental Daily နေ့ စဉ်သတင်းစာတွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
မလေးရှားနိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား ၆ ဦးသေဆုံး  မလေးရှားနိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား ၆ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.