![]() |
ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့ ၌ အောက်တိုဘာ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး တွေ့ ရစဉ်(ဆင်ဟွာ) |
ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့ ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ အောက်တိုဘာလ ၁ ရက် က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ က ဆိုသည်။
မိုဂါဒစ်ရှုးမြို့ ရှိ Blue Sky စားသောက်ဆိုင်အပြင်ဖက်၌ ရပ်ထားသော ကားတစ်စီးကို အဝေးထိန်းခလုတ်ဖြင့် ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိ Abdishakur Farah က ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
![]() |
ဆိုမာလီးယားနိုင်ငံ မိုဂါဒစ်ရှုးမြို့ ၌ အောက်တိုဘာ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး တွေ့ ရစဉ်(ဆင်ဟွာ) |
ယင်းတိုက်ခိုက်မှုမှာ ၄င်းတို့ ၏ လက်ချက်ဖြစ်ကြောင်း မည်သည့်အဖွဲ့ အစည်းက မှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ သို့ သော် Al-Shabaab ဆိုမာလီးယား အစ္စလမ်မစ်အကြမ်းဖက်အဖွဲ့ သည် အလားတူ တိုက်ခိုက်မှု ပုံစံမျိုးကို နိုင်ငံအတွင်း၌ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
မိုဂါဒစ်ရှုးမြို့ ရှိ စားသောက်ဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး ၄ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
12:26
Rating:
