ကုန်ရထားနှင့် ကားတိုက်မှုဖြစ်ပွား


မိုးညှင်း အောက်တိုဘာ ၂၃

မိုးညှင်းမြို့၏ မြောက်ဘက် (၂) မိုင်ခန့်အကွာ အင်ကြင်းကုန်းကျေးရွာအနီး မြို့ရှောင်သံလမ်းကူးတွင် မန္တလေး မြို့ဘက်မှ မြစ်ကြီးနား ဘက်သို့ စက်ခေါင်းမောင်း ဦးဝင်းထိုက်အောင် ရထားအမှတ် (၉၃၃) အဆန်ကုန် တင်ရထားနှင့် မန္တလေးဘက်မှ ဖားကန့်သို့ ယာဉ်မောင်း ဇော်ဇော်အောင် (ခ) မောင်ဇော် (၃၅) နှစ် ဘ (ဦးဥာဏ်တင်) မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ နေထိုင်သူ မောင်းနှင်လာသော ယူဒီ ၁၂ ဘီး (အစိမ်းရောင်) ယာဉ်အမှတ် 8J/2839 တို့သည် ယနေ့မွန်းလွဲ (၁၂) နာရီခွဲအချိန်တွင် တိုက်မိခဲ့ကြသည်။

အဆိုပါ တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်နောက်လိုက် မောင်ပိန် (၂၃) နှစ်နှင့် စိုးလှိုင်ထွန်း (၂၅) နှစ် တို့ (မစိုးရိမ်ရ) ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး ရထားလမ်းများ ပုံမှန်သွားလာမှုရရှိစေရန် မြန်မာ့မီးရထားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်း ခရိုင် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကုန်ရထားနှင့် ကားတိုက်မှုဖြစ်ပွား  ကုန်ရထားနှင့် ကားတိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.