ချက်ကြိုးတန်းလန်းဖြင့် ကလေးကိုလာရောက်စွန့်ပစ်မှုဖြစ်ပွား၊ စုံစမ်းစစ်ဆေးရာမိခင်ဖြစ်သူက စွန့်ပစ်မိကြောင်း ငိုယိုဝန်ခံ

ဓါတ်ပုံ - Kophoe San Tharrawaddy
သာယာဝတီ၊ အောက်တိုဘာ ၂၇ ။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ ၊ ရေဝေရပ်ကွက်၊ ဘုရားကြီးလမ်း တွင် အောက်တိုဘာလ ၂၆ရက်နေ့နံနက် ၄နာရီကျော်ခန့်က ချက်ကြိုးတန်းလန်းဖြင့် ကလေး( မိန်းကလေး) ကိုလာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း တွင်ရေဝေရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဦးတင်အောင်က အောက်တိုဘာလ ၂၆ ရက် တွင် AHN သို့ပြောသည်။

အောက်တိုဘာလ ၂၆ ရက် နံနက် ၄ နာရီခန့်က သာယာဝတီမြို့နယ်ရေဝေရပ်ကွက် ဘုရားကြီးလမ်းသွယ်ဘေးရှိ ရေစိုနေသောမြေပေါ်တွင်ချက်ကြိုးတန်လန်းဖြင့် အနှီးမပါသော လေးငယ်( မိန်းကလေး)တစ်ဦးကို စွန့်ပစ်ထားကြောင်းရာအိမ်မှူးဦးဝင်မြင့်ဦးတို့အဖွဲ့က မိမိထံလာရောက်သတင်းပို့ခဲ့ကြောင်း၊ သို့အတွက်ရဲတပ်ဖွဲ့နှင့်အတူ သွားရောက်စစ်ဆေးရာ မွေးပြီးပြီးခြင်းစွန့်ပစ်ထားသော ကလေးငယ်ကိုတွေ့ရှိရကြောင်း၊ ကလေးငယ်ကို ရပ်ကွက်ရုံးသို့ခေါ်ဆောင်ကာ ကျန်းမာရေးဆရာမက ချက်ကြိုးအားဖြတ်တောက်ခဲ့ကြောင်း၊ ၄င်းနောက် အနှီးအဝတ်များဖြင့် နွေးထွေးအောင်ပြုလုပ်ပေးပြီး သာယာဝတီဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း၊ ယင်းနောက် သာယာဝတီမြို့မရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ)၅၉၄/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ(၃၁၇)ဖြင့် အမှုဖွင့်ထားကြောင်း၊ ဆက်လက်၍ စွန့်ပစ်သူအားရှာဖွေစုံစမ်းရာ ကလေးငယ်ကိုစတင်တွေ့ရှိသောနေရာ၏အနီးတွင်ရှိသော အိမ်အားမသင်္ကာ၍ တာဝန်ရှိသူတို့မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့စစ်ဆေးရာ မ…………….(၁၉)နှစ် အား တွေ့ရှိပြီး မေးမြန်းရာ မ………… ( ၁၉) နှစ်က ၄င်းစွန့်ပစ်ခဲ့သည်ဟု ငိုယိုကာ ဝန်ခံခဲ့ကြောင်း၊ ထို့နောက် မ…..( ၁၉ )နှစ် မှာ ကလေးမွေးပြီးအချင်းမှာဝမ်းထဲတွင် ကျန်ခဲ့သည်ဟု သိရှိရသောကြောင့် ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသခံယူနေရကြောင်း ဦးတင်အောင်ကပြောသည်။

ဟန်ထူးဇော်
The Asia Heart News
ချက်ကြိုးတန်းလန်းဖြင့် ကလေးကိုလာရောက်စွန့်ပစ်မှုဖြစ်ပွား၊ စုံစမ်းစစ်ဆေးရာမိခင်ဖြစ်သူက စွန့်ပစ်မိကြောင်း ငိုယိုဝန်ခံ  ချက်ကြိုးတန်းလန်းဖြင့် ကလေးကိုလာရောက်စွန့်ပစ်မှုဖြစ်ပွား၊ စုံစမ်းစစ်ဆေးရာမိခင်ဖြစ်သူက စွန့်ပစ်မိကြောင်း ငိုယိုဝန်ခံ Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.