ရန်ကုန်မြို့၌ ဇီကာဗိုင်းရပ်စ် ပထမဆုံးတွေ့ ရှိ


ရန်ကုန်မြို့၌ ဇီကာရောဂါ ဖြစ်ပွားနေသည့် နိုင်ငံခြားသူ တစ်ဦး တွေ့ရှိသဖြင့် ကာကွယ် ထိန်းချုပ် နှိမ်နှင်းရေး လုပ်ငန်းများ အထူးအလေးထား ဆောင် ရွက်လျှက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၇

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနသည် ဇီကာရောဂါ ကာကွယ်ရေး လုပ်ငန်းများ အပါအ၀င် ရောဂါစောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်လျှက် ရှိရာ ရန်ကုန်မြို့၌ ဇီကာရောဂါဖြစ်ပွားနေ သည့် နိုင်ငံခြားသူတစ်ဦးကို ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ပြီးနောက် အတည် ပြုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇီကာရောဂါလက္ခဏာသံသယရှိသူ အသက် ၃၂ နှစ်အရွယ် ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ယနေ့တွင်ရန်ကုန်မြို့နယ် အတွင်း၌ တွေ့ရှိခဲ့သဖြင့် လိုအပ်သောဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ဇီကာရောဂါနှင့်ပတ်သက်ပြီး လိုအပ်သော ကာကွယ် ထိန်းချုပ် နှိမ်နှင်း ရေး လုပ်ငန်းများကို တာဝန်ရှိသူများက အထူးအလေး ထား ဆောင် ရွက်လျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ကနဦးသတင်းရရှိသည်။

(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်မြို့၌ ဇီကာဗိုင်းရပ်စ် ပထမဆုံးတွေ့ ရှိ  ရန်ကုန်မြို့၌ ဇီကာဗိုင်းရပ်စ် ပထမဆုံးတွေ့ ရှိ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.