ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား


ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ တို့အကြားတွင် အောက်တိုဘာ (၂၄)ရက် ညနေ (၄)နာရီအချိန်ခန့်က ယာဉ်(၃)စီး တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော (6J /.....) ISUZU ELF ယာဉ်မှာ စလစ်ဖြစ်ပြီး လက်ယာဘက်ခြမ်း မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်သွားခဲ့သည်။ ထိုအချိန်တွင် နောက်မှ ယာဉ်မောင်း ဦးကြည်သန်းမောင်းနှင်လာသော (9C/........) ELITE EXPRESS ယာဉ်မှ ၀င်ရောက် တိုက်မိမည် စိုးသောကြောင့် အရှိန်ထိမ်းလိုက်ရာ ယာဉ်မောင်း ဦးကျော်စွာထွန်းမောင်းနှင်လာသော (7H/........) မဟာ ခရီးသည်တင် ယာဉ်လိုင်းမှ ၀င်ရောက်တိုက်မိခဲ့သည်။


 ထိုသို့ဝင်ရောက်တိုက်မိသောကြောင့် ELITE ယာဉ်ပေါ်တွင်ပါရှိလာသူ (၅)ဦးနှင့် မဟာခရီးသည်တင်ယာဉ်ပေါ်တွင် ပါရှိသော သံဃာတစ်ပါး ၊ ခရီးသည် (၇)ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ယာဉ်တိုက်မှုကြောင့် စုစုပေါင်းတန်ဖိုး (၃၃)သိန်းခန့်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများအား လှည်းကူးဆေးရုံသို့ တင်ပို့ကုသထားကြောင်းသိရသည်။


ယာဉ်ပေါ့ဆစွာမောင်းနှင်သူများဖြစ်ကြသော စောဘိုထွေး (၄၉)နှစ် အား ယာဉ်(ပ) ၅၄/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ (၂၇၉)ဖြင့်လည်းကောင်း ၊ ယာဉ်မောင်း ဦးကျော်စွာထွန်းအား ယာဉ် (ပ) ၅၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ (၃၃၈ / ၃၃၇ / ၂၇၉) တို့ဖြင့်လည်းကောင်း အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်ထားကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဖြိုးကိုလင်း(ညောင်ဝိုင်း)
5 Plus News
https://www.facebook.com/5plusnews/

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား  ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၆ နှင့် ၁၆/၇ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:40 Rating: 5
Powered by Blogger.