![]() |
ကော့သောင်းခရိုင် ၊ အက်ဒမန်ပင်လယ် ၊ သံကျွန်းအနီး တရားမ၀င် ထိုင်း ငါးခိုးလှေတစ်စီးဖေါ်ထုတ်ဖမ်းဆီးရမိ |
ကော့သောင်းခရိုင် ၊ အက်ဒမန်ပင်လယ်ပြင်အတွင်း သံကျွန်းအနီး တရားမ၀င် ထိုင်း ငါးခိုးလှေတစ်စီး အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း က မြန်မာ့ ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်လျှက်ရှိသည့် တပ်မတော်(ရေ) မှ ဖမ်းဆီးဖေါ်ထုတ် အရေးယူခဲ့ကြောင်းသိရသည်။
အဆိုပါနေ့ က ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်လျှက်ရှိသည့် မြန်မာ့ရေတပ်မတော်(ရေ) စစ်ရေယာဉ် မှ ကော့သောင်းခရိုင် ၊ သံကျွန်းကြီး အနောက်တောင်ဘက်၂၃.၅မိုင်ခန့်အကွာတွင် လှေနံဘေးတွင် ထိုင်းစာတမ်းနှင့်အင်္ဂလိပ်အက္ခရာII ရေးထားပြီး မြန်မာ့ရေပိုင်နက်ဖြစ်သည့် မြောက်လဒ်တီတွဒ် ၀၉ဒီဂရီ ၄၀.၅ မီနစ် ၊ အရှေ့လောင်ဂျီတွဒ် ၉၇ဒီဂရီ ၃၈မီနစ်ခန့်ပင်လယ်ရေပြင်အတွင်း တရားမ၀င်ငါးခိုးဖမ်းနေသည့်ထိုင်း ငါးခိုးလှေတစ်စီးအား ထိုင်းနိုင်ငံသား (၂)ဦး ၊ မြန်မာရေလုပ်သား(၉)ဦး နှင့်အတူ ဖမ်းဆီးဖေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင်စပ်လျဉ်း၍ ဖမ်းဆီးရမိသည့် ထိုင်းငါးခိုးလှေ နှင့် လှေပေါ်ပါ ထိုင်းနိုင်ငံသားများနှင့် မြန်မာ့ရေလုပ်သားများအား ကော့သောင်းခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာန သို့ အောက်တိုဘာလ ၁၄ ရက်နေ့ က လာရောက်လွဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ မှ ငါးလုပ်ငန်းဥပဒေများ နှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
Iprd Kawthoung
သံကျွန်းအနီး တရားမ၀င် ထိုင်း ငါးခိုးလှေတစ်စီး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
05:00
Rating:
