မောင်တောဒေသ အကြမ်းဖက်မှုအခြေအနေများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိ


ရခိုင်ပြည်နယ်မောင်တောဒေသတွင် ဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိ

နေပြည်တော်၊ အောက်တိုဘာ (၂၆)

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖြစ်ပေါ်နေသော သတင်းများနှင့် ပတ်သက်၍ စိစစ်ခဲ့ရာ ၁၄-၁၀-၂၀၁၆ ရက်နေ့ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာအတွင်း အမှတ် (၃၅၂) ခြေမြန်တပ်ရင်းမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျီးကန်းပြင် ဌာနချုပ်၊ လက်နက်တိုက်မှ လက်နက်များ ယူဆောင်သွားမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်ထားရှိသူ ပြင်ဖြူနယ်မြေရဲစခန်း (ပ) ၅၁/၂၀၁၆၊ လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂ (၁) က အမှုမှ အောက်ပါ မသင်္ကာ တရားခံ ခေါ်ရီမူလာ (၆၀) နှစ်၊ (ဘ) အဘူဟာရှိန်း ပါ (၆) ဦးအား ဖမ်းဆီးခဲ့ပြီး ချုပ်မိန့်ရီမန် ရယူရန် စီစဉ်ဆောင်ရွက်ကာ ကြိမ်ချောင်း နယ်မြေရဲစခန်းတွင် ချုပ်နှောင်ထားရှိခဲ့ ကြောင်း

(က) ခေါ်ရီမူလာ (၆၀) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ် ရီဒါးကျေးရွာ၊မောင်တောမြို့နယ်
(ခ) ရှားရာဖက်ကူ(၅၅) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(ဂ) အဘူအာရှိန်း(၂၂) နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(ဃ) ကာမာရူးဒါး(၃၂)နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(င) နူရူဟူလာ(၂၄) နှစ် (ဘ) ခေါ်ရီမူလာ၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်
(စ) အဘူဖို့စ်(၄၀) နှစ် (ဘ) အဘူအာမတ်၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ်

၁၆-၁၀-၂၀၁၆ ရက်နေ ၂၀၂၅ အချိန်မှ ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၄၂၅ အချိန်ထိ ကြိမ်ချောင်းနယ်မြေ ရဲစခန်းတွင် ချုပ်နှောင်စစ်ဆေးလျက်ရှိသည့် တရားခံ အဘူအာရှိန်း ပါ (၆) ဦး အနက်မှ ခေါ်ရီမူလာ (၆၀) နှစ် (ဘ) အဘူဟာရှိန်း၊ လယ်လုပ်၊ ရီဒါးကျေးရွာ၊ မောင်တောမြို့နယ် နေသူအား အမှတ် (၃၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်စောသိန်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့စု ( ကြိမ်ချောင်းတာဝန်ခံ) တပ်ကြပ်ကြီး အောင်မင်းတို့သည် ရဲစခန်းအချုပ်မှ ထုတ်ယူစစ်ဆေးခဲ့ပြီး ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၄၃၀ အချိန်တွင် ရဲစခန်း အချုပ်အတွင်းသို့ ပြန်လည်ပို့ဆောင်စဉ် အချုပ်ခန်းဗူးဝအနီးအရောက်တွင် တရားခံ ခေါ်ရီမူလာ သည် တပ်ဖွဲ့ဝင်တစ်ဦး ထံမှ သေနတ်လုယူသဖြင့် ဗိုလ်စောသိန်း၊ တပ်ကြပ်ကြီး အောင်မင်းတို့မှ ဝိုင်းဝန်းထိန်းသိမ်း ခဲ့ကြောင်း၊ ခေါ်ရီမူလာမှာ သတိလစ်မေ့မြောသွား ၍ မောင်တော ပြည်သူ့ဆေး ရုံ သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စဉ် လောင်းဒုံကျေးရွာ အနီးအရောက် ၁၇-၁၀-၂၀၁၆ ရက်နေ့ ၀၅၂၅ အချိန်ခန့် တွင် သေဆုံးသွားခဲ့သဖြင့် အလောင်းအား မောင်တောပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ၊ ခေါ်ရီမူလာ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ကြိမ်ချောင်း နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၆) ဖြင့် ရေးဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ခေါ်ရီမူလာ၏ သား(၃)ဦးနှင့် ညီဖြစ်သူ တို့အား ပြင်ဖြူနယ်မြေရဲစခန်း (ပ) ၅၁/၂၀၁၆ လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က) အရ တရားရုံး၏ ချုပ်မိန့်ရီမန် ရယူ၍ စစ်ဆေးဖော်ထုတ်လျှက် ရှိကြောင်း၊ သို့ဖြစ်ပါ၍ ၁၄-၁၀-၂၀၁၆ ရက်နေ့ မောင်တောမြို့နယ်၊ ရီဒါးကျေးရွာတွင် တပ်မတော် စစ်ကြောင်းများမှ နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသော မသင်္ကာတရားခံ ခေါ်ရီမူလာပါ (၆) ဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဥပဒေနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောဒေသ အကြမ်းဖက်မှုအခြေအနေများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိ မောင်တောဒေသ အကြမ်းဖက်မှုအခြေအနေများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျှက်ရှိ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.