မုံရွာ၊ အောက်တိုလဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ကန္နာလမ်း ကျောက်ဆောင်ဆိပ်ကမ်းအနီးနေရာနှင့် သလ္လာဝတီတာရိုးလမ်းခေါ် ချစ်သူလမ်းကြားနေရာများတွင် အောက်တိုဘာ ၂ ရက်နေ့ညက လူငယ်အယောက် နှစ်ဆယ်ကျော်အား ညအချိန်လမ်းဘေးထိုင်၍ အရက်သောက်သည်ဟုဆိုကာ မုံရွာခရိုင်ရဲတပ်ဖွဲ့ လှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။
'' .. မှုခင်းတွေမဇြစ်ပွားရအောင် ကြိုတင်ကာကွယ်တဲ့ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ် ..."" ..ဟု မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က ပြောသည်။
ထိုသို့ ဖမ်းဆီးခြင်းခံရသူမှာ လူငယ်နှစ်ဆယ့် နှစ်ယောက်ဖြစ်ကြောင်း ၎င်းရဲစခန်းမှ သိရသည်။
အဆိုပါ လူငယ်များသည် မုံရွာမြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် နေထိုင်ကျသူများဖြစ်ကြသည်။ လုပ်ငန်းခွင် အားလပ်သော ကိုယ်ပိုင်အချိန်များတွင် မုံရွာဒေသခံ လူငယ်များသည် ချင်းတွင်းမြစ်ရှု့ခင်းများကို သွားရောက်ကြည့်ရှု့ခြင်းဖြင့် အပန်းဖြေအနားယူလေ့ရှိကြသည်။
'' မုံရွာမှာက စိတ်အေးချမ်းသာစွာ အနားယူနိုင်မဲ့ အဆင့်မြင့် အခပေးပန်းခြံမရှိဘူး ..။ လျှပ်စစ်မီးက ခဏခဏပျက်တော့ လေကောင်းလေသန့်ရရှိနိုင်တဲ့ မြစ်ကမ်းဘေးမှာ လာရောက်အနားယူတာပါ .. " ဟု ဖမ်းဆီးခံရသည့် လူငယ်များထဲမှ လူငယ်တစ်ဦးက ပြောသည်။
ပြုပြင်ပြောင်းလဲလာသည့် ရဲလုပ်ငန်းများတွင် ပြည်သူကိုဗဟိုပြု ၀န်ဆောင်မှုရှေးရှု့သော ရဲလုပ်ငန်းများ အကောင်းအထည်ဖော် လုပ်ဆောင်နေချိန်တွင် လူငယ်နှစ်ဆယ်ကျော် ညအချိန်လမ်းဘေးထိုင်၍ အရက်သောက်သည်ဟုဆိုကာ ဖမ်းဆီးခံရခြင်းဖြစ်သည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
မုံရွာမြို့က လူငယ်နှစ်ဆယ်ကျော် ညအချိန်လမ်းဘေးထိုင်၍ အရက်သောက်သည်ဟုဆိုကာ ဖမ်းဆီးခြင်းခံရ
Reviewed by THITHTOOLWIN
on
07:11
Rating:
