ရန်ကုန် - ပုသိမ်လမ်း ပေါ်မှာ ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ


အောက်တိုဘာလ (၇)ရက်နေ့ ယနေ့ ညနေ ၄ နာရီခန့် က ရန်ကုန် - ပုသိမ်လမ်း ဆားမလောက်နှင့် ရေနံမြေလမ်းဆုံးကြားမှာ  ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ၍ (၈)ဦး ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

ကားကြီးပေါ်က ၄ ဦး litetrack ပေါ်က ၂ ဦး hitejack ပေါ်က ၂ ဦး ။ ကားကြီးပေါ်က ၃ ဦး က ကောင်းမွန်စွာနဲ့အိမ်ပြန်သွားပါပြီ။ခရီးသည် ၁ဦး နှင့် ကားလေးပေါ်မှ ၃ ဦး က ဆားမလောက်ဆေးရုံမှာပါ။ ကျန်ကားလေးသမား ၁ ဦးကို ရန်ကုန်ဆေးရုံကို ပို့လိုက်ပါတယ်။ လူနာ ၅ ဦးလုံး အသက်အန္တာယ် လုံးဝမစိုးရိမ်ရပါ။

litetrack က hitejack ကိုဆွဲလာတယ်။ ရှေ့မှာကုန်ကားက ရပ်ထားတာကို ကျော်တက်တယ်။ တဖက်ယာဉ်ကြောကိုဝင်လာတယ်။ ခရီးသည်အပြည့်တင်လာတဲ့ ကားကြီးဘယ်လိုရှောင်ရမလဲ။ လမ်းဘေးတင်မကဘူးချောက်ထဲကျတော့မယ်။ သစ်ပင်သာမခံရင် ခရီးသည်အရောက် ၅၀ လောက်နဲ့ ကျွန်တော့်ယာဉ်မောင်းရော မတွေးဝံ့စရာပါဘဲလို့  ကြယ်စင်လင်း ယာဉ်လိုင်း တာဝန်ခံက ပြောပါတယ်။

by သစ်ထူးလွင်


ရန်ကုန် - ပုသိမ်လမ်း ပေါ်မှာ ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ  ရန်ကုန် - ပုသိမ်လမ်း ပေါ်မှာ ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.