အောက်တိုဘာလ ၂၁ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့် ကွက်သစ်ရပ်ကွက် တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွါးခဲ့ရာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီ မိနစ် ၅၀ တွင်ဗုံးပေါက်ကွဲခြင်းဖြစ် ပွါးခဲ့သည်။
“ စယ်လန့် ကွက်သစ်ရပ်ကွက်မှာ ရွာသားတွေ ဗုံးတွေ့တာလေ။ တွေ့တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲကိုသွားတိုင်တယ်။ အာဏာပိုင်တွေသွားရှင်းတော့ ဗုံး ၅ လုံးတွေ့တယ်။ ည ၉ နာရီ မိနစ် ၅၀ မှာ ၂ လုံးပေါက်သွားတယ်။ လူ ၂ ယောက်ထိတယ်။ သေဆုံးမှုတော့မရှိဘူး။ ” ဟု မူစယ်လူငယ် စိုင်းခမ်းလိတ် က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
ဗုံးပေါက်ကွဲမှုကြောင့်ထိမှန်သွားသည့် လူ ၂ ဦးမှာ တပ်မ ၃၃ မှတပ်သား တဦးနှင့် မီးသတ်တပ်ဖွဲ့မှ ဒေသခံစိုင်းယီဆောင် တို့ဖြစ်ကြကြောင်းသိရသည်။
“ စစ်သားက ဘယ်ညို့သကြီးထိတယ်။ စိုင်းယီကတော့ ညာပေါင်မှာထိတယ် ။ ကားတာယာနဲ့ ကာထားတာကို အဲမှာပေါက်တာ။ တာယာကာနေလို့ လူကိုအဲလောက်ဘဲထိတာ။ မဟုတ်ရင်တော့ ပေါက်အားပြင်းမယ့်ပုံဘဲ” ဟု ဆိုပါသည်။
အဆိုပါဗုံး ၅ လုံးမှ ၂ လုံးပေါက်ပြီး ကျန် ၃ လုံးကို ကောင်းစွာရှင်းလင်း သိမ်းယူနိုင်ခဲ့ကြောင်း၊ တမင် သက်သက်ထောင်ထားသည့် လက်လုပ် ဗုံးဖြစ်ကြောင်း ၊ သို့သော်လက်သည်အား မသိရသေး ကြောင်း ဗုံးရှင်းလင်းရေး အဖွဲ့ကပြောသည်ဟုဆိုပါသည်။
အလားတူ ဩဂတ်စ်လ ၂၄ ရက်နေ့ကလည်း အမည်မသိလူတဦးက မူစယ် ဘဏ်အား လက်ပစ်ဗုံးတလုံး ပစ်ထည့်ကြောင်း၊ သို့သော် ထိခိုက်ဒဏ်ရာရ မှုမရှိကြောင်း၊ လက်သည်အားမသိသော်လည်း တိုင်းရင်း သား လက်နက် ကိုင်တပ်ဖွဲ့များ၏လက်ချက်ဟု အစိုးရဘက်က စွပ်စွဲထားသည်။
မူစယ်ခရိုင် အတွင်းတွင် အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ တို့ ပြင် ကချင်လွတ် လပ်ရေးတပ်မတော်၊ တအာင်း(ပလောင်) ပြည်နယ်လွတ်မြောက်ရေး တပ်မတော်၊ သျှမ်းပြည်တပ်မတော် SSPP/SSA ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနပြည်သူ့စစ်တပ်ဖွဲ့များ စသည့် လက်နက်ကိုင်တပ်ဖွဲ့ များ အများအပြားရှိသည်။
ဓါတ်ပုံ- ဗုံးပေါက်ကွဲမှုကြောင့်ထိမှန်သူ ၂ ဦးအားတွေ့ရစဉ်
သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
မူစယ် - နမ့်ခမ်းလမ်း ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
23:05
Rating:
