![]() |
( ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချူပ်မှာ အောက်တိုဘာလ ၂၆ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံနေစဉ် ) Photo: Aung Thain Kha/ RFA |
ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချူပ်မှာ ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီးက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ နာယက သူရဦးတင်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ပါတီရဲ့စည်းကမ်းတွေကို လိုက်နာဖို့၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ရေး ကိစ္စတွေ ၀ိုင်းဝန်းကူညီဖို့လည်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေက တိုက်တွန်းခဲ့တယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်အပါအဝင် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံး နိုင်ရမယ်လို့ အန်အယ်လ်ဒီပါတီ ဥက္ကဌ ပြော
Reviewed by THITHTOOLWIN
on
18:08
Rating:
