ကင်းမရွန်း နိုင်ငံခရီးသည်တင် ရထား တိမ်းမှောက် (၅၅)ဦးသေ(၆၀၀) ကျော်ဒဏ်ရာရ


Breaking news on 22-10-2016

အာဖရိကတိုက်အနောက်ပိုင်း ကင်မရွန်း နိုင်ငံ Cameroonမှာ ခရီးသည် တင် မီးရထားတစ်စင်း တိမ်းမှောက်သွားခဲ့လို့  လူပေါင်း ၅၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၆၀၀ကျော် ဒဏ်ရာရခဲ့ကြောင်း ခရီးသွားပို့ ဆောင်ရေး ၀န်ကြီးက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

မြို့ တော် ရ၀မ်ဒီcapital Yaounde ကနေ စီပွားရေးမြို့  hub Douala ဆီကို သွားနေစဉ် မြို့ နှစ်မြို့ အကြားမှာ ခုလို ရထားတိမ်းမှောက်သွားခဲ့တာပါ။


ရထားတွဲတွေပေါ်မှာ ခရီးသည်တွေ ပြည့်ကြပ်နေအောင် လာပါလာ ခဲ့ကြ ကြောင်း၊ မီးရထားလမ်းကြောင်း ပြောင်းတဲ့ အချိန်မှာ ကုန်းမြင့် ပေါ် ရထားလမ်းကနေရထားတွဲတွေဟာ လိမ့်ဆင်းပြီး တိမ်းမှောက်သွားခဲ့
တာကြောင့် သေဆုံး ဒဏ်ရာရသူ များပြားခဲ့ရကြောင်း လိုက်ပါလာတဲ့ ခရီးသည်တွေ က ပြောပါတယ်။

လူဦးရေ ၂၂ သန်းကျော်ရှိနေတဲ့ (22,534,532)ကင်းမရွန်းနိုင်ငံ မှာပြည် သူတွေဟာ ပြည်တွင်း ပြေးဆွဲနေတဲ့ရထားတွေကိုအားကိုးပြီးသွားလာ နေကြရတာပါ၊ ရထားတွေက အိုဟောင်းနေပြီး ခေတ်မမှီတော့တဲ့ တွဲတွေပေါ်မှာ ခရီသည်တွေတိုးကြိတ် လိုက်ပါနေကြရပါတယ်၊

Social Action for Women - SAW
ကင်းမရွန်း နိုင်ငံခရီးသည်တင် ရထား တိမ်းမှောက် (၅၅)ဦးသေ(၆၀၀) ကျော်ဒဏ်ရာရ  ကင်းမရွန်း နိုင်ငံခရီးသည်တင် ရထား တိမ်းမှောက် (၅၅)ဦးသေ(၆၀၀) ကျော်ဒဏ်ရာရ Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.