စမ်းချောင်းမြို့နယ် တိုက်ခန်းအတွင်း ပုပ်ပွနေသောအမျိုးသားအလောင်တွေ့ရှိ


ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပဏ္ဍိတလမ်းရှိမြေညီထပ်တိုက်ခန်းအတွင်း အောက်တိုဘာ ၂၄ ရက်နေ့ ည ၇ နာရီခန့်က ပုပ်ပွနေသောအမျိုးသားအလောင်းတလောင်းကိုတွေ့ရှိခဲ့ကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါတိုက်ခန်းအတွင်းမှ အပုတ်နံများ ဆိုးရွားစွာထွက်နေကြောင်း ပတ်ဝန်းကျင်တွင် နေသူများထံမှ အကြောင်းကြားမှုကြောင့် သက်ဆိုင်ရာမှ အခန်းသော့ကိုဖျက်၍ ၀င်ရောက်စစ်ဆေးရာ တိုက်ခန်းအတွင်းသေဆုံးနေသူမှာ အသက်၂၂ နှစ်အရွယ်ရှိ နိုင်ငံငြိမ်းဆိုသူဖြစ်ပြီး ပြင်ပဒါဏ်ရာမတွေ့ရှိရဘဲ ထိုင်လျှက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဆိုသည်။ သေဆုံးသူ၏ဘေးတွင် ဘိန်းဖြူဟုယူဆရသော အ၀ါရောင်အမှုန့်များနှင့် အသုံးပြုထားသော ဆေးထိုးအပ်တချောင်းကိုတွေ့ရှိခဲ့သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် ရဲအရာရှိတဦးကပြောသည်။

“သူကတိုက်ခန်းထဲမှာတယောက်ထဲနေတဲ့သူပါ။ စစ်ဆေးတွေ့ရှိချက်အရတော့ သူ့ဘေးမှာ သုံးပြီးသားဆေးထိုးအပ်နဲ့ ဘိန်းဖြူမှုန့်လို့ယူဆရတဲ့အ၀ါရောင်အမှုန့်တွေ တွေ့ပါတယ်။ ဆေးစစ်ချက်ထွက်လာရင်တော့ အတည်ပြုနိုင်ပါပြီ”ဟု ၄င်းကပြောသည်။

သေဆုံးသူ၏အလောင်းကို ရန်ကုန်ဆေးရုံးကြီးက ပီအာရ် ၀၁၁ ဖြင့် လက်ခံစစ်ဆေးလျက်ရှိပြီး စမ်းချောင်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။

ကိုရဲ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
စမ်းချောင်းမြို့နယ် တိုက်ခန်းအတွင်း ပုပ်ပွနေသောအမျိုးသားအလောင်တွေ့ရှိ စမ်းချောင်းမြို့နယ် တိုက်ခန်းအတွင်း ပုပ်ပွနေသောအမျိုးသားအလောင်တွေ့ရှိ Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.