တိုက်ကြီးမြို့ဝင်တိုးဂိတ်တွင် ကျည်အပြည့်ပါ ပစ္စတိုတစ်လက်နှင့် လူတစ်ဦးကိုဖမ်းဆီးရမိ


တိုက်ကြီးမြို့နယ် တိုးဂိတ်အဝင်မှာ အောက်တိုဘာ(၂၈)ရက်က တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး၊တိုက်ကြီးမြို့မရဲစခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေ၊မူးယစ်တပ်ဖွဲ့စု(၄၀)မှတပ်ဖွဲ့ဝင် တွေ၊ရပ်ကွက်အုပ်ချူပ်ရေးမှူးနဲ့အဖွဲဝင်တွေကယာဉ်ပိတ်ဆို့စစ်ဆေးမှုပြုလုပ်စဉ်ည(၁၁)နာရီ(၁၀)မိနစ်ခန့်က ရန်ကုန်-ပြည်ကားလမ်းအတိုင်း ပြည်မြို့ကနေ ရန်ကုန်မြို့ကို မောင်းနှင် လာတဲ့LAND CRUISERအဖြူရောင် ယာဉ်ပေါ်မှ ကျည်အပြည့်ဖြည့်ထားတဲ့ ပစ္စတိုသေနတ် တစ်လက်နဲ့အတူလူတစ်ဦးကိုရှာဖွေဖမ်းဆီးရမိတယ်လို့တိုက်ကြီးမြို့မရဲစခန်းကနေသိရပါ တယ်။

အဲဒီယာဉ်ကိုယာဉ်မောင်း နေအောင်(ခ)ဖိုးသားကြီး မောင်းနှင်လာတာဖြစ်ပြီး ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းရဲ့ဝဲဘက် ရှေ့ထိုင်ခုံ(၂)ခုကြားရှိ တူးဘောက်အတွင်းမှ U.S.ARMY ထုတ် စတီးနဲ့ပြုလုပ်ထားတဲ့ လေပစ္စတိုသေနတ်(၁)လက်၊ အနက်ရောင်ကျည်အိမ်(၁)ခု၊ ကျည်အိမ်အတွင်းထည့်သွင်းထားရှိတဲ့စတီးဘောစိ(၂၁)လုံးတို့ကိုရှာဖွေစစ်ဆေးတွေ့ရှိတာဖြစ်ကြောင်းသိရပါတယ်။

အဲဒီသေနတ်ကိုသယ်ဆောင်လာသူ ပြည်မြို့ ဆံတော်ရှင်ရပ်ကွက်နေ နေအောင်(ခ)ဖိုးသားကြီး (ဘ)ဦးလှမိုးအသက်(၃၅-နှစ်)ကို တိုက်ကြီးမြို့မရဲစခန်းက (ပ)၃၉၁/၁၆၊ လက်နက်ဥပဒေ ပုဒ်မ.၁၉(စ)နဲ့ အရေးယူဆောင်ရွက် ထားကြောင်းသိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင် (တိုက်ကြီး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
တိုက်ကြီးမြို့ဝင်တိုးဂိတ်တွင် ကျည်အပြည့်ပါ ပစ္စတိုတစ်လက်နှင့် လူတစ်ဦးကိုဖမ်းဆီးရမိ  တိုက်ကြီးမြို့ဝင်တိုးဂိတ်တွင် ကျည်အပြည့်ပါ ပစ္စတိုတစ်လက်နှင့် လူတစ်ဦးကိုဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.