မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့

လူမှုရေးအရပေါင်းရသင်းရခက်လှသည့် လူ့ဂွစာတစ်ဦးက
မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့
ကူမင်း၊ အောက်တိုဘာ-၁

တရုတ်နိုင်ငံတောင်ပိုင်း မိသားစုတွင်း ငွေကြေးပြသနာစကားများရာမှ အစပြု၍ လူ ၁၉ ဦးသေဆုံးစေခဲ့သော သွေးစွန်းသည့် လူသတ်မှုကြီးတစ်ခုပေါ်ပေါက်ခဲ့သည်။

ရဲများက အသက် ၂၇ နှစ်ရှိပြီဖြစ်သော ယန်ကျင်းပိုင် သည်မိဘများနှင့် ငွေရေးကြေးရေးကိစ္စ အကြီးအကျယ် စကားများကြသည်ဟုဆိုသည်။

ချန်ဒူးစီးပွားရေး နေ့စဉ်သတင်းစာ က ပေါင်းရသင်းရခက်လှသော ဂွကျသည့် ယန်သည် လောင်းကစားပြုလုပ်ခြင်းကြောင့် အကြွေးလည်ပင်းနစ်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

သူ၏မိဘများက သူ့လောင်းကစားကြွေးများဆပ်ပေးရန်ငြင်းဆိုခဲ့ပြီးသည့်နောက်ပိုင်း ယန် အနေဖြင့် လွန်စွာ ပေါက်ကွဲလျက် သူရဲသူဘက်စီးသကဲ့သို့သတ်ဖြတ်ခဲ့ကြောင်းဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လူငယ်သည်သူ့အား လူသတ်ကောင်အဖြစ်သတ်မှတ်ခံရမည်ကို ကြောက်ရွံ့ပုံပေါ်သည်။

ရဲများကသူသည် ရီမ ဟုခေါ်သောရွာငယ်လေးတွင် မျက်မြင်သက်သေများကိုဖျောက်ဖျက်ရန် အတွက် ကလေးငယ်များ အပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ပစ်ခဲ့သည်ဟုယူဆကြောင်း ပြောကြာခဲ့သည်။
ရဲများက အဆိုပါ ပြင်းထန်ရက်စက်သော ရာဇ၀တ်မှုကို ကျူးလွန်ရန် မည်သည့်လက်နက်ကို အသုံးပြုသွားသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

သူ့ကို အိမ်နီးချင်းများ၏ အလောင်းများအားရှာဖွေတွေ့ရှိပြီး နာရီပိုင်းအကြာ ၂၀၀ ကီလိုမီတာ အကွာရှိ ကူမင်းတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

စီအာအိုင်
ATO
china.com Myanmar
https://www.facebook.com/china.com.mm/
မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့  မိဘနှစ်ပါးသတ်ခဲ့မှုကို ဖုံးကွယ်ရန် အိမ်နီးချင်း ၁၇ ယောက်ကိုထပ်မံ သတ်ပစ်ခဲ့ Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.