မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်


အောက်တိုဘာ ၉ / DMG

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက် ၂ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက မောင်တောမြို့နယ်၏ နယ်စပ်ဒေသလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကွက်ကဲမှု အဖွဲ့ရုံး(ဌာနချုပ်)၊ ကျီးကန်းပြင် ကျေးရွာနှင့် ငါးခူရနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း၊ ရသေ့တောင်မြို့နယ်အပိုင် ကိုးတန်းကောက် ကျေးရွာ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတို့အား ဝင်ရောက်တိုက်ခိုက်မှုများကြောင့် ပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရ၊ လူငါးဦးထက် မစုရ အမိန့်တို့ကို မောင်တောမြို့နယ်အုပ်ချုပ်ရေးရုံးက အမိန့်အမှတ် (၁/၂၀၁၆ )ဖြင့် ထုတ်ပြန်လိုခြင်းဖြစ်ကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ
မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန် မောင်တောခရိုင်အတွင်း ညမထွက်ရအမိန့်ထုတ်ပြန် Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.