ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့ (အောက်တိုဘာ၆ရက်) နေ့လယ်ပိုင်းက ကိုးတန်းကျောင်းသားတစ်ဦး ဓားထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ယမန့်က ကိုးတန်းကျောင်းသား(၂)ဦး စကားများရန်ဖြစ်စဉ် အဖော်လိုက်ပါလာသူ တစ်ဦးမှ ဓားဖြင့်ဝင်ထိုးကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုးတန်းကျောင်းသား၂ဦး ဖုန်းနဲ့စကားများကြရာက အပြင်မှာ တွေ့ဖို့ချိန်းကြတယ်။ သူတို့၂ယောက်က ကျောင်းချင်းလည်းမတူဘူး။ အပြင်မှာတွေ့ရင်း သူတို့နှစ်ယောက်က ပြေလည်သွားကြတယ်။ အဲဒီမှာ အ.ထ.က(၅)က ကျောင်းသားနဲ့အတူပါလာတဲ့ အဖော်က ကြားထဲကနေ ဓားနဲ့ ၀င်ထိုးသွားတာ။ သူက ကျောင်းသားတော့ မဟုတ်ဘူး။ အရပ်သားပဲ။”ဟု မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ဒုရဲမှူး ထွန်းထွန်းသန်းက ပြောသည်။
ဓားဖြင့် အထိုးခံရသည့် ကျောင်းသားမှာ အောင်ဆန်းသူရိယလှသောင်းကျောင်းမှ ကိုးတန်းကျောင်းသား မောင်သက်ဝေဖြစ်ပြီး ၄င်းနှင့်တွေ့ရန် ချိန်းဆိုခဲ့သည့် ကျောင်းသားမှာ မင်္ဂလာဒုံမြို့နယ် အ.ထ.က(၅)မှ ကိုးတန်းကျောင်းသား မောင်ကောင်းဆက်လင်းဖြစ်သည်။ ဓားဖြင့် ၀င်ရောက်ထိုးသွားသူမှာ မောင်ကောင်းဆက်လင်းနှင့် အဖော်လိုက်ပါလာသူ မောင်မျိုးမင်းဦးဖြစ်ကြောင်း သိရသည်။
ဓားဖြင့် အထိုးခံရသည့် မောင်သက်ဝေကျော်အား အင်းစိန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး ဓားဖြင့်ထိုးသူအား သက်ဆိုင်ရာမှ လိုက်လံရှာဖွေနေကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ မောင်မျိုးမင်းဦးအား မင်္ဂလာဒုံမြို့နယ်ရဲစခန်းတွင် (ပ)၈၈၆/၂၀၁၆၊ ပြစ်မှုပုဒ်မ(၃၂၆)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖူးပွင့်သူ
SKY Land News & Entertainment Media
https://www.facebook.com/skyland.news
မင်္ဂလာဒုံမြို့နယ်တွင် ကိုးတန်းကျောင်းသားတစ်ဦး ဓားထိုးခံရ
Reviewed by THITHTOOLWIN
on
23:02
Rating:
