မဲသဝေါဒေသ သောင်ရင်းမြစ်အတွင်း စစ်လှေများသွားလာမှု (ဒီကေဘီအေ) ကန့်သတ်

ယခုရက်ပိုင်းအတွင်းက မဲသဝေါဒေသ နယ်ခြားသောင်ရင်းမြစ်အတွင်း တွေ့ရှိရသည့် စက်လှေတစီး။
အောက်တိုဘာ - ၄ - ၂၀၁၆

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ်အနီးရှိ မယ်သဝေါဒေသအတွင်း ပြေးဆွဲနေကြသည့် စက်လှေများအနေနှင့်ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ သွားလာပါက ပစ်ခတ်ခြင်းခံရမည်ဟု (ဒီကေဘီအေ) အဖွဲ့ကပြောကြောင်း မဲသဝေါဒေသခံတဦးကပြောသည်။

၎င်းက " မနေ့ကစပြီး ဒီကေဘီအေကပြောတာလို့သိရတယ် သူတို့ကိုကြိုတင်အကြောင်းမကြားဘဲ သွာလာတဲ့စက်လှေတွေ ပစ်ခတ်ခြင်းခံရမယ်ဘို့ပြောတယ် ဘယ်လိုဘဲဖြစ်ဖြစ် သတိထားပြီးသွားလာကြတာ အကောင်းဆုံးဘဲ အခြေအနေတွေက ဘာမှန်းကို ဟုတ်တိပတိမသိရသေးဘူး"ဟုပြောဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ယမန်နေ့ကစတင် သိရှိရသည်ဟုလည်း ဒေသအခြေစိုက် ကရင်တပ်မှူးတဦးကပြောဆိုသည်။

စစ်လှေမောင်းသည့် စောဖကော်လာက " ဒီကေဘီအေတွေက ဒီရေလမ်းကနေ ရန်သူတွေတက်လာမှာကို ကာကွယ်တာဖြစ်တယ်ဆိုတဲ့ ပြောသံတွေတော့ကြားနေရတယ် "ဟု ဆိုသည်။

အဆိုပါဒေသအတွင်း အများစုသွားလာနေကြသည့် စစ်လှေကြီးငယ်များမှာ ထိုင်းနိုင်ငံဘက်ကလှေများဖြစ်ကြသည့်အတွက် ထိုင်းစက်လှေများ ပစ်ခတ်ခြင်းခံရပါက အခြေအနေများ ပိုမိုရှုတ်ထွေးနိုင်သည်ဟုလည်း နယ်စပ်အရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မဲသဝေါဒေသအတွင်း ယခင်လ ၁၁ ရက်နေ့ကစတင်ခဲ့သည့် ဒီကေဘီအေခွဲထွက်အဖွဲ့နှင့်(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်နှင့်မြန်မာစစ်တပ်တို့အကြားဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲများမှာ အရှိန်လျှော့ကျသွားပြီးဖြစ်သော်လည်း ဒေသတွင်းအခြေအနေများမှာ စိုးရိမ်နေရဆဲ အနေအထားများတွင်ရှိနေသေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

(ဒီကေဘီအေ) က စက်လှေများသွားလာမှု ကန့်သတ်သည့်သတင်းများ ယမန်နေ့ကထွက်ပေါ်လာပြီးနောက်ပိုင်း ယနေ့တွင်မဲသဝေါဒေသအတွင်းရှိ နယ်ခြားသောင်းရင်းမြစ်တွင် စက်လှေများသွားလာမှုနည်းပါးသွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

နယ်ခြားသောင်းရင်မြစ်ခြားထားသည် ထိုင်း-မြန်မာနယ်စပ် မဲသဝေါဒေသအတွင်း နေ့စဉ်သွားလာပြေးဆွဲနေကြသည့် စက်လှေအရေအတွက်မှာ အစီးရေ (၁၀၀) အထက်တွင်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
မဲသဝေါဒေသ သောင်ရင်းမြစ်အတွင်း စစ်လှေများသွားလာမှု (ဒီကေဘီအေ) ကန့်သတ် မဲသဝေါဒေသ သောင်ရင်းမြစ်အတွင်း စစ်လှေများသွားလာမှု (ဒီကေဘီအေ) ကန့်သတ် Reviewed by THITHTOOLWIN on 09:43 Rating: 5
Powered by Blogger.