ဟေတီ၌ မက်သူးဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၆၄ ဦးထိ ရှိလာ

မက်သူး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံအတွင်းရှိ အပျက်အစီးပုံအားတွေ့ ရစဉ်(ဆင်ဟွာ)
    မက္ကဆီကိုစီးတီး ၊အောက်တိုဘာ ၇ ရက်(ဆင်ဟွာ)

    ဟေတီနိုင်ငံ၌ မက်သူးဟာရီကိန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂၆၄ ဦးထိ သေဆုံးသွားပြီးဖြစ်ကြောင်း နှင့် ၄င်းမုန်တိုင်းမှာ ဘဟာမား နှင့် အမေရိကန်နိုင်ငံသို့ ဦးတည် ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်က နိုင်ငံတွင်းသို့ ဝင်ရောက်တိုက်ခတ်လာသည့် မတ်သူးဟာရီကိန်းမုန်တိုင်းသည်  ဟေတီနိုင်ငံ၌ အဆိုးဝါးဆုံးကြုံတွေ့ ခဲ့ မုန်တိုင်းတစ်ခုဖြစ်ကြောင်း ဟေတီပြည်သူ့ ကာကွယ်ရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ EFE စပိန်သတင်းဌာနက ဖော်ပြခဲ့သည်။


အဆိုပါ ဟာရီကိန်းမုန်တိုင်းသည် ကာရေဗီယန်ပင်လယ်အတွင်းရှိ ဆင်းရဲမှုအနိုမ့်ဆုံးနိုင်ငံဖြစ်သည့် ဟေတီနိုင်ငံအား အောက်တိုဘာလ ၄ ရက်က ပြင်းအား တစ်နာရီ ၂၃ဝ ကီလိုမီတာနှုန်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မုန်တိုင်းကြောင့် နိုင်ငံအတွင်း၌ လျှပ်စစ်ဓာတ်အားများပြတ်တောက်သွားပြီး လူပေါင်းများစွာ အစားအစာနှင့်ငွေကြေး ရရှိရန် ခက်ခဲနေကြောင်း သိရသည်။


အမေရိကန်နိုင်ငံတကာဖွံ့ ဖြိုးရေးအေဂျင်စီ(USAID)က ဟေတီရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့မှုများ ကူညီသွားမည်ဟု အောက်တိုဘာလ ၆ ရက်တွင်ကြေညာခဲ့သည်။ ထို့ ပြင် ၄င်းတို့ ၏ သဘာဝဘေးအန္တရာယ် အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ သို့ အခင်းဖြစ် နေရာသို့ သွားရောက်နေပြီဖြစ်ကြောင်း သိရသည်။


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးရုံး( OCHA) က မုန်တိုင်းဒဏ်သင့် ပြည်သူ ခန့် မှန်းခြေ ၃၅ဝ,ဝဝဝ ဦးအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဟေတီ၌ မက်သူးဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၆၄ ဦးထိ ရှိလာ ဟေတီ၌ မက်သူးဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၆၄ ဦးထိ ရှိလာ Reviewed by THITHTOOLWIN on 15:53 Rating: 5
Powered by Blogger.