ဒေါ်နယ်ထရမ့် နိုင်ဖို့ ရုရှကြံစည်ဆိုတဲ့ စွဲချက်ပယ်ချ

အမေရိကန်မှာ ဘယ်သူတက်တက် လက်တွဲ လုပ်သွားဖို့ အသင့်ရှိ
အမေရိကန် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့် အနိုင်ရအောင် ရုရှက ကွန်ပျူတာ စနစ်တွေ ဖောက်ထွင်းပြီး ကြံစည်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ပယ်ချ ခဲ့ပါတယ်။

အမေရိကန်ဘက်က ဒီလို ပြောဆိုတာတွေဟာ သွေးရူးသွေးတမ်း နိုင်ပြီး ဒီမိုကရက် ပါတီရုံးချုပ်က ကွန်ပျူတာတွေကို ထိုးဖောက်မှု နောက်မှာ ရုရှ ရှိတယ် ဆိုတဲ့ စကားဟာလည်း ရယ်စရာ ကောင်းတယ်လို့ မစ္စတာ ပူတင်က ဆိုပါတယ်။

နောက်လ အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူတက်တက် သူ့အနေနဲ့ လက်တွဲ လုပ်သွားဖို့ အသင့်ရှိတယ်လည်း ဆိုပါတယ်။

အမေရိကန်မှာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူအုပ်စု တစုက အာဏာရနေတာကို မစ္စတာ ထရမ့် က စိတ်ပျက်နေတာသာ ဖြစ်တယ်လို့လည်း ရုရှ ခေါင်းဆောင်က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ