နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ (၁) ရက်ကနေ (၅) ရက်နေ့အထိ ဂျပန်နိုင်ငံကို လာရောက်လည်ပတ် မှာဖြစ်တယ်လို့ ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး မိုင်နီချီ သတင်းဌာနက ရေးသားဖော်ပြပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ၅ ရက်ကြာခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ဂျပန်ဘုရင် အကီဟီတို နဲ့ မိဖုရား မိချီကိုတို့နဲ့လည်း တွေ့ဆုံမှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Yoshihide Suga ကသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ဂျပန်နဲ့ မြန်မာနိုင်ငံအကြား ရင်းနှီးခဲ့တဲ့ ဆက်ဆံရေးကို ပိုမိုလေးနက်စေမှာဖြစ်တယ်လို့ မစ္စတာ Suga ကပြောကြား ခဲ့ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ (၂၀၁၃) ခုနှစ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ အနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်ခဲ့ဖူးပြီး အခုခရီးစဉ်ကတော့ အစိုးရသစ် လက်ထက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးဂျပန်နိုင်ငံခရီးစဉ်လည်းဖြစ်ပါတယ်။
5 Plus News
https://www.facebook.com/5plusnews/
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုဝင်ဘာ (၁) ရက်ကနေ (၅) ရက်နေ့အထိ ဂျပန်နိုင်ငံသွားမည်
Reviewed by THITHTOOLWIN
on
16:22
Rating:
