မြန်မာ့စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၁၃၀)ကူညီမည်


မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ကဏ္ဍအသီးသီးမှာ အသုံးပြုနိုင်ဖို့ ဗြိတိန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၁၃၀) ကို ကူညီသွားဖို့ရှိတယ်လို့ ဗြိတိန်အောက်လွှတ်တော် ဥက္ကဌ မစ္စတာ ဂျွန်ဘားဂိုးကပြောပါတယ်။

အာက်တိုဘာလ(၇)ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ နိုင်ငံရေး သိပ္ပံ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲမှာပြောသွားခဲ့တာပါ။

လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သူ့အနေနဲ့ထောက်ခံအားပေး သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ဥက္ကဌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကိုလည်း ယုံကြည်တယ်လို့ဆိုပါတယ်။

 နှစ်ပေါင်းများစွာခံစားနေရတဲ့ ရခိုင်ပြည်နယ်ရဲ့ ဒုက္ခကို ဖြေရှင်းနိုင်ဖို့အဓိကကျတဲ့အတွက် ခွဲခြားဆက်ဆံမှုတွေကို မေ့ထားကြဖို့လိုတယ်လို့လည်း သူကပြောပါတယ် ။

ဒါ့အပြင် ရခိုင်ပြည်နယ်အပါအ၀င် အခြားသောပဋိပက္ခဒေသတွေမှာ နိုင်ငံတကာက လူသားချင်းစာနာထောက်ထားမှုအရ ပေးအပ်တဲ့ အကူအညီတွေကိုလည်း ကန့်သတ်တာမျိုးတွေ ရှိနေခဲ့ မယ်ဆိုရင် ဒါကို ဖယ်ရှားပေးဖို့လည်း သူကပြောဆိုခဲ့ပါတယ်။

 ဗြိတိန်အောက်လွှတ်တော်အမတ် မစ္စတာဂျွန်ဘားဂိုးဟာ မြန်မာနိုင်ငံရဲ့လွှတ်တော်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရ၊ လွှတ်တော်အပါအ၀င် တပ်မတော်ဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ - CNN
5 Plus News
https://www.facebook.com/5plusnews
မြန်မာ့စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၁၃၀)ကူညီမည်  မြန်မာ့စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ သန်း (၁၃၀)ကူညီမည် Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.