ကြို့ပင်ကောက် အောက်တိုဘာ ၁၁
သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်စိုးသည် မှုခင်း နှိမ်နင်းရေးဌာနခွဲမှ ရဲအုပ်အောင်နိုင်ထွန်း ဦးစီးတပ်ဖွဲ့ဝင်များအား ခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ယူကာ မြို့မရဲစခန်းတွင် (ပ)၁၁ဝ/၂ဝ၁၆ ပုဒ်မ ၃ဝ၂အမှုမှာ ၉-၄-၂ဝ၁၆ ရက်စွဲဖြင့် စတင်ဖြစ်ပွားခဲ့ပြီး ယခု ခြောက်လခန့်ကြာလာပြီဖြစ်၍ အဆိုပါအမှုနှင့်ပတ်သက်၍ ဖော်ထုတ် ဖမ်းဆီးနိုင်ရေး ညွှန်ကြားလာခဲ့၏။ ၄င်းနှင့်အညီ ရဲအုပ်ဇော် နိုင်ထွန်း၊ အောင်ကျော်ဦး၊ ရဲတပ်ကြပ်ကြီး ခင်မောင်ဝင်း၊ ရဲတပ်ကြပ် စိုးလင်း၊ စန်းယု၊ အောင်မျိုးလင်းတို့အဖွဲ့သည် စက်တင်ဘာ ၃ဝ ရက်တွင် အမှုကွင်းဆက်များရယူ၍စုံစမ်းရာ အခင်းဖြစ်ချိန်မှာ ညဖြစ်၍ ပါဝင်သူတို့အား မှတ်မိခြင်းမရှိသော်လည်း လူငါးဦးဖြစ်နိုင်ခြင်းနှင့် အာနိုးဟုခေါ်သံကိုလည်း ကြားလိုက်ရသည်ဆိုသည်။ ၄င်းအဖွဲ့သည် အခင်းဖြစ်အပိုင် မြို့မစခန်းသို့ ယခုလ ၁ရက်၌ စုံစမ်းကာ အခင်းဖြစ်စဉ်က သက်သေခံပစ္စည်းများအား မှတ်တမ်းဓာတ်ပုံ ရိုက်ယူခဲ့ပြီး ဆက်လက်၍စုံစမ်းမှုများပြုလုပ်ခဲ့သည်။
ယခုလ ၂ရက်တွင် သက်သေခံပစ္စည်းအဖြစ် သိမ်းယူခဲ့သော ဖိနပ်၏ဆိုက်နှင့်အမျိုးအစားမှာ မကြာခင်အချိန်ကဆိုင်တစ်ဆိုင်တွင် အာနိုးဆိုသူလာဝယ်သည့်ပစ္စည်းနှင့်တူနေသဖြင့် ခရိုင်ရုံးသို့ ခေါ်ယူ စစ်ဆေးရာ ကျူးလွန်သူလေးဦးအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ထိုကဲ့သို့ရန်ဖြစ်ကြရာတွင် ထွက်ပြေးသွားသည့် အောင်ကိုဦး၊ ဓား ဖြင့်ထိုးခဲ့သူဇင်မင်းထွဋ်မှာ သေဆုံးခြင်းမရှိဘဲ ၄င်းတို့ငါးဦး ခဲနှင့် ပစ်ပေါက်ထုရိုက်ခြင်းခံရသူ ထင်လင်းဇော်မှာ ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့သည်။
ထိုသို့ဖြစ်ခဲ့ခြင်းကြောင့် ကျူးလွန်သူများဖြစ်ကြသည့် အာနိုး(ခ)ထွန်းထွန်းဝင်း၊ သန့်ဇင်(ခ)ထက်ရှား၊ အောင်ငြိမ်းဦး၊ ဖိုးအေးတို့လေးဦးအားအမှုဖြင့်ဖမ်းကာ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနခွဲမှ အပိုင်စခန်းသို့လွှဲပြောင်းပေးခဲ့ပြီး အခင်းဖြစ်စဉ်ကတည်းက ထွက်ပြေး နေသော အောင်ကိုဦး(ခ)ကိုဦးအား အပိုင်စခန်းမှ ဆက်လက်စုံစမ်း ဖမ်းဆီးကာ လိုအပ်သည်များကို ဆောင်ရွက်သွားမည်ဟု သိရသည်။
လေချွန်နတ်(ရွှေကြို့မြေ)
The Union Daily
https://www.facebook.com/uniondaily.net
သာယာဝတီခရိုင် မှုခင်းနှိမ်နင်းရေးဌာနခွဲမှ ခြောက်လကြာ လူသတ်မှုအားဖော်ထုတ်ဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:35
Rating:
