''ရွှေဖန်ခါး''ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် မီးလောင်မှုဖြစ်ပွား

မောင်းနှင်လာသော ခရီးသည်တင်ယာဉ် ဝိုင်ယာရှော့ခ်ဖြစ်ရာက မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ အောက်တိုဘာ ၁၆

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ရေနံချောင်း-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ်(၃၇၅/၄-၅)ကြား ကြို့ပင်စု ကျေးရွာအနီးတွင် ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း သိရပါသည်။


 သတင်းအရ ဂွေးပင်နယ်မြရဲစခန်းမှ တပ်ဖွဲ့ ဝင်များ၊ ရေနံချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁ နာရီခန့်အကြာ မီးငြိမ်းသွားခဲ့သည်။


 စစ်ဆေးချက်အရ မကွေးမြို့၊ ရန်ဝေးရပ်နေ ဦးခင်မောင်ဌေး(၅၇)နှစ်မောင်းနှင်လာသော ''ရွှေဖန်ခါး''ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် ဝိုင်ယာရှော့ခ်ဖြစ်ရာက မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရှိရပြီး မီးလောင်မှုကြောင့် လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ တန်ဖိုးငွေကျပ်(၈၀)သိန်းခန့် ပျက်စီးဆုံးရှုံး သွားသဖြင့် ဦးခင်မောင်ဌေးအား ဂွေးပင်နယ်မြေရဲစခန်း(ပ)၁၅၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - ကိုဖြိုးလေး
ရဲဇာနည်
https://www.facebook.com/yezarnimedia
''ရွှေဖန်ခါး''ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ် မီးလောင်မှုဖြစ်ပွား  ''ရွှေဖန်ခါး''ခရီးသည်တင်ယာဉ်သည် မောင်းနှင်လာစဉ်  မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:48 Rating: 5
Powered by Blogger.