ဟိုပန်မြို့၌ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်နှစ်လုံးမီးလောင်


ဟိုပန် အောက်တိုဘာ ၂၁

ဟိုပန်မြို့ ကောင်းဟုန်းရပ်ကွက်၌ အိမ် အမှတ်(၁၂၂)၊ ဦးပူဆန်နေအိမ်နှင့် အိမ်အမှတ်(၁၂၃) ဦးဆန်အောင်တို့ ပိုင်ဆိုင်သည့် သွပ်မိုးဝါးထရံကာနေအိမ် နှစ်လုံး အောက်တိုဘာ ၂၁ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က လျှပ်စစ် ဝိုင်ယာ ရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ ဟိုပန်ခရိုင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုဦးစီးမှူး ဦးမင်းမင်းသစ်ဦးစီး၍ မီးသတ်ယာဉ် သုံးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့များ အရန် မီးသတ်တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဝိုင်းဝန်းငြှိမ်းသတ်၍ နံနက် ၁ဝ နာရီခွဲ တွင် မီးညွန့်ကျိုး၍ ၁၁ နာရီခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်သည့်အိမ်မှ အိမ်ရှင် ဦးပူဆမ်ကို မီးဟပ်သည့် ဒဏ်ရာဖြင့် ဟိုပန်ဆေးရုံသို့ ပို့ဆောင်ရပြီး ၄င်းတို့ ပိုင်ဆိုင်သည့် အိမ်ထောင်ပစ္စည်း၊ ထော်လာဂျီ၊ လက်တွန်းလယ်ထွန်စက် များအားလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဟန်ဌေး(လားရှိုး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဟိုပန်မြို့၌ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်နှစ်လုံးမီးလောင်  ဟိုပန်မြို့၌ ဝိုင်ယာရှော့ခ်ဖြစ်ရာမှ နေအိမ်နှစ်လုံးမီးလောင် Reviewed by THITHTOOLWIN on 09:41 Rating: 5
Powered by Blogger.