ကျားများ သတ်ဖြတ်ခံနေရခြင်းနှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု ပြဿနာများ ဖြေရှင်းရမည့်နိုင်ငံများ၌ မြန်မာနိုင်ငံပါဝင်


ရန်ကုန် အောက်တိုဘာ ၈

ကျားများသတ်ဖြတ်ခံနေရခြင်းနှင့် အစိတ် အပိုင်းများ တရားမဝင်ရောင်းဝယ်မှု ပြဿနာများကို အဓိကထား ဖြေရှင်း ရမည့် နိုင်ငံများ၌ မြန်မာနိုင်ငံလည်း ပါဝင်နေကြောင်း တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက် အရင်း အမြစ်များ ကူးသန်း ရောင်းဝယ်မှု စောင့်ကြည့်ရေး အဖွဲ့ (TRA-FFIC) က သတင်းထုတ်ပြန်သည်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) နှင့် (TRAFFIC) တို့၏ လေ့လာမှု များအရ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့နှင့် မြန်မာ- တရုတ်နယ်စပ်ရှိ မိုင်းလားမြို့တို့၌ ကျားနှင့် ကျားသစ်ထွက် အစိတ် အပိုင်း များသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ တို့မှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

တောင်အာဖရိက၌ ကျင်းပခဲ့သော ကမ္ဘာ့သားငှက်နှင့် အပင်များကုန်သွယ်မှု ဆိုင်ရာအစည်းအဝေး၌ ကျားများ တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ အရေးတကြီး မဆွေးနွေးမီ TRAFFIC အဖွဲ့က ထုတ်ပြန် လိုက်သည့် အစီရင် ခံစာတွင် ၂ဝဝဝ ပြည့်နှစ်မှ ယခုအချိန်ထိ အာရှတစ်လွှား၌ ကျားနှင့် ကျားသစ်ထွက် အစိတ်အပိုင်းပစ္စည်းများ သိမ်း ဆည်း ရမိမှု ၈ဝ၁ ခုရှိခဲ့ကြောင်း သိရ သည်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ အတွင်း ဖမ်းဆီးရမိမှု မှတ်တမ်းမှာ သုံးကြိမ်သာ ရှိသော်လည်း ဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ထိန်းချုပ်မှု ဧရိယာပြင်ပ၌ အများ ဆုံးရှိနေသည့် အထိန်းအကွပ်မဲ့လွတ်လပ် နေသောဈေးကွက်များ ရှိနေခြင်းတို့ကြောင့် အဓိကထားဖြေရှင်းရမည့်နိုင်ငံအဖြစ် ထည့် သွင်းဖော်ပြထားခြင်းဖြစ်သည်။

ကမ္ဘာပေါ်၌ ခန့်မှန်းကျားကောင်ရေ ၃၉ဝဝ သာ ကျန်ရှိတော့ချိန်တွင် သိမ်းဆည်း ရမိသော ကျားနှင့် ကျားသစ် ထွက် အစိတ်အပိုင်းများသည် ဖမ်းဆီးမွေးမြူထားသော လုပ်ငန်းများမှ ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကျားများ သတ်ဖြတ်ခံနေရခြင်းနှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု ပြဿနာများ ဖြေရှင်းရမည့်နိုင်ငံများ၌ မြန်မာနိုင်ငံပါဝင်  ကျားများ သတ်ဖြတ်ခံနေရခြင်းနှင့် အစိတ်အပိုင်းများ တရားမဝင်ရောင်းဝယ်မှု ပြဿနာများ ဖြေရှင်းရမည့်နိုင်ငံများ၌ မြန်မာနိုင်ငံပါဝင် Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.