မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


မဟာအောင်မြေ အောက်တိုဘာ ၂၀

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် အောင်မင်္ဂလာရပ်ကွက်၊ ဗန်းမော်တိုက်အနီး၊ ၃၈ လမ်း၊ ၆၉ လမ်းနှင့် ၇၁ လမ်းကြား တွင် ယနေ့ည ၆ နာရီ ၄၅ မိနစ် ခန့် က နေအိမ်(၄)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုအား Level 3 သတ်မှတ်ပြီး မီးလောင်ရာသို့ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ ၀ိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ကနဦး သတင်းအရ သိရသည်။

ခရိုင်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.