မိုးကောင်းကင် ကို အကယ်ဒမီ ကျော်တက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရ


၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၅) ရက်နေ့ နံနက်(၀၄း၄၅)ချိန် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၂၆၂/၃-၄)အကြားရန်ကုန်မှ မန္တလေးသို့ ယာဉ်မောင်းဦးစိုင်းသိန်းနိုင်(၄၄)နှစ်၊ (ဘ)ဦးစိန်မွန်၊ ၁၃/ကမန(နိုင်)၀၃၇၄၂၈၊ တိုက်ချောင်းကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ်နေသူမောင်းနှင်လာသောယာဉ်အမှတ်၊ 2K/3618 မိုးကောင်းကင် Express ယာဉ်မှာ၎င်းယာဉ်၏ ရှေ့မှ ယာဉ်မောင်းဦးလှမျိုးအောင် (၄၀)နှစ် (ဘ) ဦးတင်ဝင်း၊ ၁၄/ဇလန(နိုင်)၀၀၉၄၅၈ လမ်းမတော်လမ်း၊ ဇလွန်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၊ 6J/2653 ၊ အကယ်ဒမီ Express မော်တော်ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ နောက်ပိုင်းအားတိုက်မိခဲ့ပါသည်။


သတင်းအရပေပင်လေးအမြန်လမ်းရဲစခန်း၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့များအခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေးရာယာဉ်အမှတ်၊ 2K/3618 မိုးကောင်းကင် Express ယာဉ်ပေါ်ပါရှိသူယာဉ်မောင်း(အပါ)၊ ကျား(၃၄)ဦး၊ မ(၁၅)ဦး၊ စုစုပေါင်း (၄၉)ဦးအနက် ကျား(၁)ဦးသေဆုံးပြီး သံဃာ(၁)ပါး၊ ကျား(၅)ဦး၊ မ(၄)ဦးတို့ ဒဏ်ရာရရှိခဲ့သည့်အပြင် 6J/2653 ၊ အကယ်ဒမီ Express ယာဉ်ပေါ်ပါ (၄၅)ဦးအနက် ကျား(၂)ဦး၊ မ(၂)ဦးတို့ ဒဏ်ရာရရှိခဲ့ပါသည်။ မိုးကောင်းကင် Express ယာဉ်ပေါ်ပါ သေဆုံးသူမှာဦးမောင်မျိုး (၂၈)နှစ် ၊(ဘ) စုံစမ်းဆဲ၊ ယာဉ်နောက်လိုက်၊ မှော်ဘီမြို့ နေသူ၌ ဦးခေါင်းကွဲကြေဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပါသည်။


အမြန်လမ်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ် တပ်ဖွဲ့နှင့် ကြက်ခြေနီအဖွဲ့တို့သည် အခင်းဖြစ်နေရာအား ကြည်ရှုစစ်ဆေး၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးကာ ဒဏ်ရာရလူနာများအား ညောင်းကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဖြစ်စဉ်မှာမိုးကောင်းကင် Express ယာဉ်မောင်း၏ မဆင်မခြင်မောင်းနှင်ခြင်း၊ အိပ်ငိုက်ခြင်းတို့ ကြောင့် ဖြစ်ပွားရကြောင်းသိရှိရပါသည်။

"အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့"
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad
မိုးကောင်းကင် ကို အကယ်ဒမီ ကျော်တက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရ  မိုးကောင်းကင် ကို အကယ်ဒမီ ကျော်တက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁ ဦး သေဆုံး ၁၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.