မုံရွာမြို့၏ ညလက်ဘက်ရည်ဆိုင်တစ်ဆိုင်အတွင်း အုပ်စုဖွဲ့ ရိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်ရှိပစ္စည်းအချို့ ပျက်စီး
မုံရွာ၊ အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သလ္လာရပ်ကွက်၊ နယ်မြေအမှတ်(၆)၊ ဗိုလ်ချုပ်လမ်းရှိ ဦးမြင့်မောင် အမည်ရှိ လက်ဘက်ရည်ဆိုင်တွင် အောက်တိုဘာ ၂၄ ရက်ည ၉ နာရီခွဲအချိန်ခန့် အုပ်စု လူငယ်တစ်စု ဆိုင်အတွင်း ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဆိုင်ရှိပစ္စည်းအချို့ ပျက်စီးသွားကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
'' လှည့်ကင်းအဖွဲ့ကို စေလွှတ်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့သူတွေကို တရားဥပဒေအရ ဖြေရှင်ဆောင်ရွက်နိုင်ရန် အခုဘဲလုပ်ဆောင်နေပါတယ် .." ဟု ရဲစခန်းမှူး ရဲအုပ် ရဲအောင်က ပြောသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆိုင်အတွင်းရှိ 125 ဆိုင်ကယ်တစ်စီး ဒူးကာကျိုးပဲ့ပျက်စီး၊ ဓာတ်ဗူး(၁၀)လုံးပျက်စီး၊ ပလပ်စတစ်ထိုင်ခုံ(၅)လုံး၊ ရေနွေးသောက် ပန်းကန်(၅)လုံး၊ အချိုရည်ပန်းကန်(၅)လုံတို့ပျက်စီးသွားခဲ့သဖြင့် ဆိုင်ရှင် ဦးမြင့်မောင်က မုံရွာနယ်မြေရဲစခန်းသို့သွားရောက်၍ အမှုရေးဖွင့်တိုင်တန်းခဲ့သည်။
အဆိုပါ တိုင်တန်းချက်အား မုံရွာနယ်မြေရဲစခန်း(ပ) ၇၄၇/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၄၅၂/၄၂၇/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။
သတင်း ၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/
မုံရွာမြို့၏ ညလက်ဘက်ရည်ဆိုင်တစ်ဆိုင်အတွင်း အုပ်စုဖွဲ့ ရိုက်ပွဲဖြစ်ပွားမှုကြောင့် ဆိုင်ရှိပစ္စည်းအချို့ ပျက်စီး
Reviewed by THITHTOOLWIN
on
08:46
Rating:
